ရှမ်းရွာသစ်မြို့အမှတ်(၃)ရပ်ကွက်စံပယ်လမ်း ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့အမှတ်(၃)ရပ်ကွက်စံပယ်လမ်း ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်



MNP - ဇူလိုင်  ၁၄


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် အမှတ်(၃)ရပ်ကွက်၊ စံပယ်လမ်းရှိ အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၉၈၂၀၀၀၀/-)ဖြင့် အရှည်(၄၂၀)ပေ၊ အကျယ် (၂)ပေ၊ အမြင့်(၂)ပေရှိ အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊  သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးပါက  ရေနှုတ်မြောင်းများ ယခင်ကထက် ရေစီးရေလာပိုမိုကောင်းမွန်ပြီး ဒေသဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းမြို့စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလရောက်လျှင် တောင်ကျရေများစီးဆင်းပြီး ဒေသနေပြည်သူများ၏ ဒေသဖွံ့ဖြိုး တိုးတက်စေရးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ သက်ဆိုင်ရာခွင့်ပြုရန်ပုံငွေများဖြင့် လမ်း၊ တံတားလုပ်ငန်းများနှင့် အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဇင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)