မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင် (Isolation Ward) အဆောက်အဦသစ်အား လွှဲပြောင်းပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင် (Isolation Ward) အဆောက်အဦသစ်အား လွှဲပြောင်းပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ




MNP - ဇူလိုင်   ၁၄


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သီးသန့်လူနာဆောင် (Isolation Ward) အဆောက်အဦသစ် လွှဲပြောင်းပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။


အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အဖွင့်အမှာစကား ပြောကြားပြီး မုဒုံမြို့နေ အလှူရှင် ဒေါ်ခင်စိန်မှ အဆောက်အဦသစ်အား လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝတ်မှုံက မုဒုံမြို့ပြည်သူ့ဆေးရုံ၌ လိုအပ်လျက်ရှိသော သီးသန့်လူနာဆောင် အဆောက်အဦသစ် ဖြစ်မြောက်စေရန်အတွက် အလှူရှင်နှင့် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြသည့် အဖွဲ့အစည်းများကို အထူးပင်ကျေးဇူတင်ရှိပါကြောင်းနှင့် မြို့နယ်အတွက် ကျန်းမာရေးကဏ္ဍကို များစွာအထောက်အကူပြု အကျိုးရှိမည့် အဆောက်အဦဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင် (Isolation Ward) နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား အလှူရှင်မှ မုဒုံမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မိုးနိုင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီးနောက် အဆောက်အဦးသစ်အား တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ သီးသန့်လူနာဆောင် (Isolation Ward) အဆောက်အဦသစ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဆောက်လုပ်ခဲ့ပြီး RC တစ်ထပ် အလျား (၉၄)ပေ၊ အနံ (၃၃)ပေ၊ အမြင့် (၁၆)ပေရှိ လေးခန်းတွဲ အဆောက်အဦတန်ဖိုး ငွေကျပ်သိန်းတစ်ထောင်အား အလှူရှင်မှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ CCTV နှင့် အဲကွန်းတပ်ဆင်ခြင်းကို စေတနာအလှူရှင်များမှ ငွေကျပ်(၄၆)သိန်း(၇)သောင်းနှင့် အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင်ခြင်းကို နိုင်ငံတော်ဘက်ဂျတ်ဖြင့် (၁၀၁)သိန်း (၅)သောင်းဖြင့် ဆောက်လုပ်ခဲ့ရာ အဆောက်အဦ၏ စုစုပေါင်း တန်ဖိုးငွေကျပ် (၁၁၄၈၂၀၀၀၀) ရှိကြောင်း သိရသည်။


သတင်း - အောင်မျိုးသူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)