မိတ္ထီလာမြို့နယ် ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်



MNP - ဇူလိုင်  ၁၄   


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းမှ ကျန်ရှိသောလမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်သန်း ၂၄၀ ကျော်ဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းအား ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အရှည် ၃.၉၄၄ ကီလိုမီတာအား ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ကျန်ရှိသည့် အရှည် ၁.၆၀၉ ကီလိုမီတာကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၂၄၃ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ကတ္တရာခင်းခြင်းလုပ်ငန်းအား ဇူလိုင်လ ပထမပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကန်တောင်၊ ဒဟတ္တန်း၊ ကွက်ငယ်၊ ပန်းတင်း၊ အင်အုံး၊ ပန်းသွင်း၊ ဝါးရုံ၊ အိုင်ကြီးလည်ကျေးရွာများမှ ဒေသခံများ ရာသီမရွေး သွားလာရအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)