ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစားထိုးသီးနှံစိုက်ပျိုးရန်အတွက် နှစ်ရှည်ပင်များအခမဲ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစားထိုးသီးနှံစိုက်ပျိုးရန်အတွက် နှစ်ရှည်ပင်များအခမဲ့ပေးအပ်



MNP  - ဇူလိုင်   ၁၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသရှိ စံဖူးကျေးရွာ၊ ဗန်းစောက်ကျေးရွာများတွင် အစားထိုးသီးနှံအဖြစ် ကော်ဖီပင်များကို စိုက်ပျိုးလျက်ရှိရာ  ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးရန်အတွက် (အာရေး ဗီးကားမျိုး၊ ကတ်တီမိုး/ H28) ကော်ဖီပျိုးပင် (၅၀၀၀)ကျော်နှင့် ကော်ဖီပင်နှင့် တွဲဖက်စိုက်ပျိုးနိုင်ရန် အရိပ်ရအပင်များဖြစ်သည့်  ထောပတ်ပင်နှင့် ခါတော်မှီ ပျိုးပင် ၅၀၀၀ ကျော်တို့ကို ဟိုပုံးမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှ ကော်ဖီစိုက် တောင်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မဲနယ်တောင်ဒေသသည် ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၅၀၀၀ ကျော်တွင်တည်ရှိပြီး ၎င်းဒေသမှထွက်ရှိသော ကော်ဖီမျိုးများမှာ အရည်အသွေးကောင်းမွန်ပြီး ပြည်ပဈေးကွက်နှင့် ပြည်တွင်းဈေးကွက်များသို့ တင်ပို့ရောင်းချရသောကြောင့် ဒေသခံတောင်သူများမှ ကော်ဖီသီးနှံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် အပင် ၃၀၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်းနှင့် အစားထိုးသီးနှံအဖြစ် ကော်ဖီစိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ၏   လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာကြောင်း သိရသည်။


သတင်း - နေမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)