လေးမျက်နှာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ



MNP  - ဇူလိုင်   ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။


အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာသော ဆရာတော်များထံမှ ငါးပါး သီလ ခံယူဆောက်တည်သည်။ ထို့နောက် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များမှ ကြွရောက်လာသော ဆရာတော်များအား ဝါဆိုသင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ဆက်ကပ် လှူဒါန်းခဲ့ပြီး ကောင်းမှုအစုစုတို့အား ရေစက်ချ အနုမောဒနာတရား နာကြားခဲ့ကြသည်။ လေးမျက်နှာမြို့နယ် အနေဖြင့် နှစ်စဉ်ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းလျက်ရှိပြီး ယခုနှစ်တွင် ကြွရောက်လာသော ဆရာတော် သံဃာတော်များနှင့် တကွ ရပ်ဝေးဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များကိုလည်း အဖွဲ့များ ခွဲ၍ ကျောင်းတိုက်များအရောက် လိုက်လံကပ်လှူပူဇော်ခဲ့ကြသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)