ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဘောလုံး လက်ရွေးစင်အသင်း ခြေစွမ်းပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုM ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဘောလုံး လက်ရွေးစင်အသင်း ခြေစွမ်းပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုM ကြည့်ရှုအားပေး

 



MNP - ဇူလိုင်   ၁၁


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ ညနေပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းသို့ သွားရောက်၍ အာရှအဆင့်၊ အရှေ့တောင်အာရှ အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲ များတွင် အသင်းလိုက် ဆုဖလားများ၊ တစ်ဦးချင်း ဆုတံဆိပ်များ ဆွတ်ခူးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်၊ တိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများကို ဂုဏ်ပြုသည့်အနေဖြင့် အာကစားပြခန်း ဆောင်ရွက်ထား ရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ရွေးစင် အားကစားသမားများ ကျန်ရှိမှုမရှိစေရေး၊ ခုနှစ်အလိုက် မှတ်တမ်းများ စနစ်ကျထားရှိရေး မှာလမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား ဘောလုံး လက်ရွေးစင်အသင်းနှင့် ရွှေကျွန်း ကလပ် အသင်းတို့၏ ခြေစွမ်းပွဲယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ခြေစွမ်းပွဲ ယှဉ်ပြိုင် ကစားမှုအား လာရောက်ကြည့်ရှုအားပေးသည့် ပုသိမ်တက္ကသိုလ် ဘာသာရပ်အလိုက်အမျိုးသား၊ အမျိုးသမီး အသင်း အားကစားသမား၊ တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံး လက်ရွေးစင်အသင်း အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စနစ်တကျသင်ယူ လေ့ကျင့်ကြရန်၊ နည်းစနစ်မှန်မှန် လေ့ကျင့်ကြရန်၊ နည်းပြများ၏ လေ့ကျင့်သင်ကြားပေးမှုများကို လိုက်နာဆောင်ရွက်ကြရန်၊ ကျန်းမာကြံ့ခိုင်မှု ရှိစေရေး အလေးထား ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)