ပေါင်မြို့နယ် ၊ ဇင်းကျိုက်မြို့အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ၊ ဇင်းကျိုက်မြို့အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ







MNP ၊  ဇူလိုင် ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် မြန်မာစာစွမ်းရည် တိုးတက်မြင့်မားလာစေရေးအတွက် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲတို့ကို ယမန်နေ့က ဇင်းကျိုက်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ပြိုင်ပွဲများကျင်းပရာတွင် ရှေးဦးစွာ ဇင်းကျိုက်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး က အာဇာနည်နေ့အကြောင်း သိကောင်းစရာများ၊ စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲတွင် ပါဝင်ရမည့်အကြောင်းအရာများ၊ ပြိုင်ပွဲ စည်းကမ်းချက်များကို လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ‌နေ့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို "မေ့မရနိုင်သောအာဇာနည်ခေါင်းဆောင်ကြီးများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို "၁၉ ဇူလိုင် မမေ့နိုင်" ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ရာဇင်းကျိုက်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူစုစုပေါင်း ၅၆ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲမှ ဆုရရှိသူများကို ဇူလိုင်(၁၉)ရက်၊ အာဇာနည်နေ့အခမ်းအနား၌ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်လွဲပိုင်းတွင်လည်း မြို့နယ်ပညာရေးမှုးဒေါ်စန်းစန်းအေး က ဟောပြောပွဲပြုလုပ်ကျင်းပခြင်း၏ ရည်ရွယ်ချက် မေ့မရနိုင်တဲ့ ဇူလိုင် ၁၉ ရက်နေ့အကြောင်းသိကောင်းစရာများ စသည်တို့ကိုအမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်း ကိုးဦးအကြောင်း ဟောပြောခဲ့ကြောင်းသိရသည်။


သတင်း - မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)