ဇီးကုန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) အား e-ID စနစ်ဖြင့် ကွန်ပျူတာ software ဖြည့်သွင်းခြင်း သင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) အား e-ID စနစ်ဖြင့် ကွန်ပျူတာ software ဖြည့်သွင်းခြင်း သင်တန်းပို့ချ




MNP - ဇူလိုင်  ၁၆


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇီးကုန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) အား e-ID စနစ်ဖြင့် ကွန်ပျူတာ software အတွင်းဖြည့်သွင်းရန် သင်တန်းပို့ချခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရုံး၌ သင်တန်းပို့ချခဲ့သည်။


လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း ၂၄ ဦးအား ကွန်ပျူတာ software အတွင်း ဖြည့်သွင်းကို ကွန်ပျူတာများဖြင့် လက်တွေ့ပြသ သင်ကြားပို့ချလျက်ရှိသည်။


အဆိုပါ သင်တန်းပို့ချပြီးပါက ဇီးကုန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၁၆၈၅၇)စုကို ကွန်ပျူတာ ၁၂ လုံးဖြင့် ဇူလိုင်လ ၁၈ ရက်နေ့မှစတင်ကာ ရက်ပေါင်း ၃၀ အတွင်း e-ID စနစ်ဖြင့်  ကွန်ပျူတာ software အတွင်းဖြည့်သွင်းခြင်းကို ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ် ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးအောင်ကျော်မိုးထံမှ သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)