မအီမြို့၌ ပြည်သူ့ဆေးရုံဝန်ထမ်းမိသားစု စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ ပြည်သူ့ဆေးရုံဝန်ထမ်းမိသားစု စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ





MNP ၊  ဇူလိုင် ၁၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံဝန်ထမ်းမိသားစုများ စုပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က မအီမြို့၊ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ်ရွက် ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ဥက္ကံတောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ကြွရောက်တော်မှုလာကြသော သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်၊ ရတနာ့သုတ်၊ မင်္ဂလသုတ်  ပရိတ်တရားတော်များကို ချီးမြှင့်တော်မူကြပြီး ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဝတ္တုငွေများအား မအီမြို့၊ ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာမင်းနိုင်ကျော်နှင့် ပြည်သူ့ဆေးရုံဝန်ထမ်းမိသားစုအလှူရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မအီမြို့၊ အမှတ်(၂))ရပ်ကွက်၊ ဥက္ကံတောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတထံမှ အနုမောဒနာတရားများကို နာယူခဲ့ကြပြီး  လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို မအီမြို့၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာကျောင်းတိုက်၊ သိမ်တောင်ကျောင်းတိုက်နှင့် ဥက္ကံတောင်ကျောင်းတိုက်တို့မှ သံဃာတော်အရှင်သူမြတ်တို့အားပင့်ဖိတ်၍ ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဒေါက်တာမင်းနိုင်ကျော်နှင့် ပြည်သူ့ဆေးရုံဝန်ထမ်းမိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)