စစ်တွေမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း သရုပ်ပြ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်တွေမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း သရုပ်ပြ







MNP ၊ ဇူလိုင်   ၁၁

စစ်တွေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ကောက်စိုက် စက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်သင်္ဂနက် ကျေးရွာအုပ်စု၊ ဓညဝတီဂေါက်ကလပ်အနီး တောင်သူဦးသန့်ဇင်၏ လယ်ကွင်း၌ ကျင်းပသည်။

ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ စစ်တွေခရိုင် ဦးစီးမှူး ဦးအေးထွန်းက အဖွင့်အမှာစကားပြောကြားပြီး စစ်တွေမြို့နယ်ဦးစီးမှူး ဦးတင်အေးကမိုးစပါး စိုက်ပျိုးနည်းများကိုပညာပေးဆွေးနွေးပြောကြားကာ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်က ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများ နှင့်ကောက်စိုက်စက်အသုံးပုံများကို ပညာပေးဆွေးနွေးပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် စစ်တွေတပ်နယ်မှ အရာရှိအရာခံစစ်သည် များ၊ ဌာနဆိုင်ရာများနှင့်တောင်သူဦးကြီးများသည်ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ဘန်းဖြင့်ပျိုးထောင် ထားပုံအဆင်ဆင့်အားလက်တွေ့ပြသမှုကို လှည့်လည်ကြည့်ရှုကြပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုး နေမှုတို့ကိုသွားရောက်ကြည့်ရှုကြသည်။ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသည် လုပ်အားခသက်သာ ခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ အချိန်ကုန်သက်သာခြင်း၊ အလုပ်သမားရှားပါးမှုပြဿနာဖြေရှင်း နိုင်ခြင်းနှင့် လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်းစသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့နယ်၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကို ကျေးရွာအုပ်စုလေးအုပ်စုတွင် လယ်ဧက ၆၀ ကျော်စိုက်ပျိုးရန်နှင့် စစ်တွေမြို့နယ်တွင် မိုးစပါးဧက ၂၂၀၀၀ ကျော်စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။ 


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)