MNP ၊ ဇူလိုင် ၁၁
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင်ဂုဏ်ထူးဖြင့်အောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီး မြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က အထက (မြေ ပုံ)ကျောင်းရှိ ဦးစိန္တာခန်းမ၌ ကျောင်းသား/သူဟောင်းများအသင်းကကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင် အ.ထ.က(မြေပုံ)မှ ကျောင်းသား၊ ကျောင်းသူ လေးများက “ပညာပန်းခင်းသီချင်း”ဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခိုင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် "မိမိတို့ မြို့နယ်အနေဖြင့် ယခုနှစ် တက္က သိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်း သား/သူ များပေါ်ထွန်းလာခဲ့သည့်အတွက်များစွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင့် ယခုကဲ့သို့ နောင်လာမည့်ပညာ သင်နှစ်များမှာလည်း ထူးချွန်ထက်မြတ်သော ကျောင်းသား/သူလေးများပေါ် ထွန်းလာနိုင်ရန်အတွက် မိမိတို့တာဝန်ရှိသူများအနေဖြင့်လည်းလို အပ်သောအရာများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆက်လက်၍ အထက(မြေပုံ) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်လှခင်က ဆုချီးမြှင့်ရခြင်းနှင့်စပ်လျဉ်း၍ ဝမ်းသာပီတိစကား ပြောကြားခဲ့ပြီး၊အထက(မြေပုံ) ကျောင်းသား/သူ ဟောင်းများအသင်းဥက္ကဌ ဦးမောင်တင်စိုးက ဆုချီး မြှင့်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြေားကြား သည်။
ထို့နောက် အထက(မြေပုံ)ကျောင်းသား/သူ ဟောင်းများအသင်း၏"အနာဂတ်ကြယ်ပွင့်တွေတောက်ပဖို့ ဒို့တွေဝိုင်းဝန်းထောက်မစို့" ဆောင်ပုဒ်နှင့်အညီ ဂုဏ်ထူးရကျောင်းသား/သူလေးများအားဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခိုင်လင်းနိုင်က (၆)ဘာ သာဂုဏ်ထူးရှင် မောင်သန့်ဇင်မျိုးအား ဆုငွေ (၆) သိန်းအားလည်းကောင်း၊ အထက(မြေပုံ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက(၅)ဘာသာဂုဏ်ထူးရှင်(၃) ဦးအတွက် ငွေကျပ်(၁၅)သိန်းအားလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးက (၄)ဘာသာဂုဏ်ထူးရှင်(၄) ဦးအတွက် ငွေကျပ်(၁၆)သိန်းအားလည်း ကောင်း၊ အထက(မြေပုံ)ကျောင်းသား/သူဟောင်းများအ သင်းဥက္ကဌက (၃)ဘာသာဂုဏ်ထူးရှင်(၁၁) ဦးအတွက် ငွေကျပ်(၂၂)သိန်းအားလည်းကောင်း ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက (၂) ဘာသာဂုဏ်ထူးရှင်(၆)ဦးအတွက် ငွေကျပ်(၆)သိန်းနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၈၁)ဦးအတွက် ငွေကျပ် (၄၀)သိန်း(၅)သောင်းစုစုပေါင်းငွေကျပ်(၁၀၅၅၀ ၀၀၀)သိန်းအားအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း အထက (မြေပုံ)ကျောင်းသား/သူဟောင်းများအသင်းကသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment