ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ဝန်ထမ်းများ အရည်အသွေးမြင့်မားရေးစာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ဝန်ထမ်းများ အရည်အသွေးမြင့်မားရေးစာဖတ်ဝိုင်းပြုလုပ်


MNP ၊ ဇူလိုင် ၁၁

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ရုံးဝန်ထမ်းများက  ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ  ထုတ်ဝေသော  ရုံး လုပ်ငန်းလက်စွဲ စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ဇူလိုင် (၁၁ )ရက် နံနက် (၁၀)နာရီ က လူထု အခြေ ပြုဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဘီးလင်းမြို့နယ် ရုံးမှ ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက ဝန်ထမ်းများအရည်အသွေးမြင့်မားလာ ရေးအတွက် လေ့ကျင့်ပညာပေးခြင်းအနေဖြင့်ရည်ရွယ်၍  စာဖတ်ဝိုင်းပြုလုပ် ရခြင်းဖြစ်ကြောင်း ပြောကြားပြီး  ဓါတ်ပုံကျွမ်းကျင်(၂) ဦးးကျော်ထူးနောင် က ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ  ထုတ်ဝေသည့်  ရုံးလုပ်ငန်း  လက်စွဲစာအုပ်ပါ အခန်း(၁၁)အစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်၊ ဆောင်ရွက်ရမည့်လုပ် ငန်းများ၊အစည်းအဝေး ဖိတ်ကြားခြင်း၊ အစည်းအဝေး ကျင်းပမည့် နေရာပြင် ဆင်ခြင်း၊ အစည်းအဝေးမှတ်တမ်း ရေးသားခြင်း စသည့်အချက် များကို ဖတ် ကြားဆွေးနွေးရာ တက်ရောက်သည့် ဝန်ထမ်းများမှ တစ်ဦး ချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ထူးနောင်  (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)