စစ်တွေမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်သရုပ်ပြသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်သရုပ်ပြသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်







MNP ၊ ဇူလိုင် ၁၀

စစ်တွေမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် သရုပ်ပြသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို စစ်တွေခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုနှင့် မြို့နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကကြီးကြပ်ကာ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။ 


ရှေးဦးစွာ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်အခြေအနေ၊ မုန်တိုင်းအဆင့်ဆင့်ပြောင်လဲလာမှုတို့ကို ကျေးရွာအတွင်းလှည့်လည်ကြေညာခြင်း၊ မိုးလေဝ သတင်း များကို နားထောင်စေခြင်း၊ မုန်တိုင်းအနီရောင်အဆင့်သို့ ပြောင်းလဲသွားသည်ဟု သတင်းရသဖြင့် ကျေးရွာအတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာခိုလှုံရာနေရာများသို့ ပြောင်းရွှေ့ခြင်းများကို ဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်စဉ် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးအကောင်းသူများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့များမှရွှေ့ပြောင်းခြင်း၊ ကူညီ ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။ အလားတူမုန်တိုင်းကျရောက်ပြီးနောက် ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ အစားအစာများ ထောက်ပံ့ပေးခြင်းများကိုလည်း ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။ 


အဆိုပါ မုန်တိုင်းဘေးအန္တရာယ်သရုပ်ပြသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းသို့ စစ်တွေခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းပရဟိတအဖွဲ့မှ စေတနာရှင် များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ပါဝင် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်းသိရသည်။ 


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)