ဘာလီကျွန်း၊ ဇူလိုင် ၁၀
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ဇူလိုင် ၉ ရက်တွင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
နှစ်ဖက်အကြား တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် အတူဂရုပြုကြသော နိုင်ငံတကာနှင့်ဒေသရေးရာကိစ္စရပ်များပေါ် ဘက်စုံ၊ နက်ရှိုင်းပွင့်လင်းမှုဖြင့် အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုသည် လက်တွေ့ကျပြီး အပြုသဘောဆောင်ရာ နှစ်ဖက်အပြန်အလှန်နားလည်မှုကို တိုးပွားစေရေး၊ နားလည်မှုလွဲမှားအဆုံးအဖြတ်မှားယွင်းမှုလျော့နည်းစေရေးအတွက် အထောက်အကူဖြစ်စေသလို နှစ်နိုင်ငံ အနာဂတ် အဆင့်မြင့်အရာရှိ ဆက်ဆံရေးအတွက် အခြေတည်စုစည်းမှုဖြစ်စေသည်ဟု နှစ်ဖက်လုံးက ယူဆကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးသည် ပြီးခဲ့သည့်အမေရိကန်အစိုးရ ဖန်တီးသော အကျပ်အတည်းမှ မရုန်းထွက်နိုင်သေးသည့်အပြင် ပို၍များပြားလာသော စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။ တရုတ်-အမေရိကန် ဆက်ဆံရေး၏သမိုင်းဇာတ်ကြောင်း ပုံပြောင်းခံရပြီး လက်ရှိအခြေအနေတွင် “နိုင်ငံရေးမှန်ကန်မှု”ဟူသော အဆိုဖြင့် ပြန်ပေးဆွဲခြင်းခံနေရရာ ဖွံ့ဖြိုးရေးဦးတည်ချက်များက လမ်းလွဲသို့သွားမည့်အန္တရာယ်သို့ တစ်ဆင့်လမ်းညွှန်နေကြောင်း၊ ၎င်း၏အရင်းအမြစ်မှာ အမေရိကန်က တရုတ်နိုင်ငံအပေါ် ထားရှိသော အသိအမြင် လွဲမှားကြောင့် ဖြစ်ပြီး ထိုမှတစ်ဆင့် ရေးဆွဲသော တရုတ်နိုင်ငံအပေါ်ထားရှိသည့် မူဝါဒသည်လည်း မှန်ကန်သောလမ်းကြောင်းကို အလိုအလျောက်သွေဖည်သွားခြင်း ဖြစ်ကြောင်း၊ အမေရိကန်၏ တရုတ်အပေါ်ထားရှိသောမူဝါဒများတွင် အချို့က ရှေ့နောက်မညီ၊ အပြောနှင့်အလုပ်မညီဖြစ်နေခြင်းက အမေရိကန်၏ ကမ္ဘာ့အမြင်၊ တရုတ်နိုင်ငံအပေါ် အမြင်နှင့် တရုတ်-အမေရိကန် သမိုင်းအမြင်၊ အကျိုးစီးပွားအမြင်၊ ယှဉ်ပြိုင်ရေးအမြင် အားလုံး ဆိုးဝါးစွာ လွဲမှားနေသည်ကို ထဲထဲဝင်ဝင် ထင်ဟပ်ပြသခြင်း ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် လူအများက အမေရိကန်“တရုတ်ကြောက်ရောဂါ”ဆိုးဝါးလာသည်ဟု ထင်မှတ်လာကြကြောင်း ၊ အကယ်၍ ဤကဲ့သို့သော “ခြိမ်းခြောက်မှု အဆက်မပြတ် ကြီးထွားလာ”မည်ဆိုပါက အမေရိကန်၏တရုတ်အပေါ်ထားရှိသောမူဝါဒသည် ထွက်မရသော လမ်းပိတ်တွင် တည်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေး အကျပ်အတည်းမှ လွတ်မြောက်မည့် အခြေခံလိုက်နာမှုသည် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော သဘောတူညီချက်ကို သေချာစွာ အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော အပြန်အလှန်လေးစားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်ရေး မူဝါဒသုံးရပ်အတိုင်း တရုတ်-အမေရိကန်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်အောင် အစဉ်အမြဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့်လည်း သမ္မတ ဘိုင်ဒန်၏ “ကြိုးပမ်းလုပ်ဆောင်မည်မဟုတ်ဟူသော ကိစ္စ ၄ ရပ်နှင့် ပဋိပက္ခဖြစ်လိုရန်ဆန္ဒမရှိ”ဟူသော အရေးကြီးကတိကဝတ်များကို စစ်မှန်စွာ လက်တွေ့ဖော်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းမည်မဟုတ် ကတိကဝတ်ပြုထားရာတွင် တရုတ်နိုင်ငံ ပြည်သူများ ရွေးချယ်ထားသော တရုတ်ဝိသေသလက္ခဏာရှိ ဆိုရှယ်လစ်လမ်းစဉ်ကို လေးစားသင့်ပြီး တရုတ်နိုင်ငံရေးစနစ်နှင့်ပြည်တွင်းပြည်ပမူဝါဒများကို အပုပ်ချတိုက်ခိုက်နေခြင်းအား ရပ်တန့်သင့်ကြောင်း၊ ‘စစ်အေးတိုက်ပွဲသစ်’ ဆင်နွှဲရန် ကြိုးပမ်းမည်မဟုတ် အမေရိကန်အနေဖြင့် ကတိပြုထားရာတွင် စစ်အေးတိုက်ပွဲအတွေးအခေါ်ကို စွန့်လွှတ်၍ သူနိုင်ကိုယ်နိုင်အားပြိုင်မှု မပြုဘဲ အုပ်စုခွဲ”အသိုက်အဝန်းငယ်”ဖွဲ့ခြင်းကို ရပ်တန့်သင့်ကြောင်း၊ အမေရိကန်အနေဖြင့် ‘ထိုင်ဝမ်လွတ်လပ်ရေး’ခွဲထွက်မှုကို အားပေးမည်မဟုတ်ဟု ကတိပြုထားရာတွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ကမောက်ကမဖြစ်အောင်လုပ်နေခြင်း၊ ထိုင်ဝမ်အရေးတွင် "ပါးပါးလှီး(salami-slicing)"နည်းပရိယာယ်သုံးနေခြင်းကို ရပ်တန့်သင့်ကြောင်း၊ “ထိုင်ဝမ်ကဒ်”ဖြင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ပေါင်းစည်းမှုဖြစ်စဉ်ကို တားဆီး၍မရကြောင်း ၊ တရုတ်နိုင်ငံနှင့်ပဋိပက္ခ ဖြစ်လိုသော ဆန္ဒမရှိဟု အမေရိကန်အနေဖြင့် ကတိပြုထားရာတွင် တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားပြီး တရုတ်နိုင်ငံပြည်တွင်းရေးစွက်ဖက်မှုကို ရန်တန့်သင့်ကြောင်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အလံထောင်၍ တရုတ်နိုင်ငံ၏တရားဝင်အကျိုးစီးပွားအား ဖျက်စီး၍မရကြောင်း ၊ အမေရိကန်အနေဖြင့် တရုတ်အပေါ် အခွန်တိုးစည်းကြပ်မှုကို ဆောလျဉ်းစွာ ဖျက်သိမ်းပြီး တရုတ်ကုမ္ပဏီလုပ်ငန်းများအပေါ် တစ်ဖက်သတ် ပိတ်ဆို့မှုအား ရပ်တန့်သင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် “အကာအရံ”ထပ်မံထားရှိမည်ဟု အမေရိကန်ဘက်မှ ပြောကြားခဲ့ရာ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကသာ နှစ်နိုင်ငံ၏ အယုံကြည်ရဆုံးသော “ကာကွယ်ထိန်းသိမ်းမှု”ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။
အဆိုပါပူးတွဲကြေညာချက် ၃ ရပ်ပါ ကတိကဝတ်များကို လက်တွေ့ အသီးသီးဖော်ဆောင်ခြင်း၊ မှန်ကန်သောဦးတည်ချက်ကို ခိုင်မာစွာထားရှိခြင်း၊ အချိန်မီအတားအဆီးများကို ဖယ်ရှားခြင်း၊ ရှေ့ဆက်မည့်လမ်းဖွင့်ပေးခြင်းသည်သာ နှစ်ဖက်ဆက်ဆံရေး လမ်းကြောင်းလွဲ၍ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်မည် မဟုတ်ကြောင်း ၊ သို့မဟုတ်ပါက ထို့ထက်များပြားသော“အကာအရံ”များထားရှိကာစေမူ မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း၏စိတ်ဓါတ်ကို လိုက်နာ၍ နှစ်ဖက်လုပ်ဆောင်မှုလမ်းညွှန်ကို အတည်ပြုရန် ဆွေးနွေးသင့်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီချက်လမ်းကြောင်းကို အကောင်အထည်ဖော်တည်ဆောက်၍ ကဏ္ဍအသီးသီးဌာနအသီးသီး၏ဆက်ဆံရေးကို ပို၍ကောင်းမွန်စွာ ညှိနှိုင်းရမည် ဖြစ်ကြောင်း ၊ ပဋိပက္ခကွဲလွဲမှုများကို ကောင်းမွန်စွာ ထိန်းချုပ်ကာ ပေါ်လွင်သည့်ပြဿနာရပ်များကို ကြိုးပမ်းဖြေရှင်းရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဘက်မှ အမေရိကန်နိုင်ငံသို့ စာရင်းရှင်းတမ်း ၄ ခု ပေးပို့ခဲ့ရာ ၎င်းစာရင်းများဖြစ်သည့် အမေရိကန်၏တရုတ်နိုင်ငံအပေါ်ထားရှိသော မှားယွင်းသည့် မူဝါဒနှင့်ပြောဆိုလုပ်ဆောင်မှုများအား ပြင်ဆင်ပေးရန် စာရင်း၊ တရုတ်နိုင်ငံဂရုပြုသော အရေးကြီးကိစ္စရပ်များစာရင်း၊ တရုတ်နိုင်ငံအဓိကဂရုပြုသော တရုတ်နှင့်သက်ဆိုင်သောဥပဒေစာရင်း၊ တရုတ်-အမေရိကန် ကဏ္ဍ ၈ ခု ပူးပေါင်းဆောင်ရွက်မှုစာရင်းများအပေါ် အလေးထားစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်အရေးတွင် တည်ကြည်မှန်ကန်သည့်ရပ်တည်ချက်ကို ဘက်စုံဖော်ပြပြီးဖြစ်ရာ ထို့အပေါ် အမေရိကန်နိုင်ငံဘက်မှ သတိထားပြောဆိုလုပ်ဆောင်ရန်နှင့် “ထိုင်ဝမ်ခွဲထွက်ရေး”အင်အားစုများအပေါ် မည်သည့်မှားယွင်းသောသတင်းစကားမျှမပေးရန်၊ တရုတ်ပြည်သူလူထု၏ နယ်မြေပိုင်နက်၊အချုပ်အခြာအာဏာအပေါ် ခိုင်မာကာကွယ်စောင့်ရှောက်သည့် သန္နိဋ္ဌာန်ကို ပေါ့ပေါ့လျော့လျော့သဘောထား၍ မရကြောင်း ၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းကို အပြောင်းအလဲကြီးပြောင်းလဲမည့်အမှားမျိုး မပြုလုပ်ရန် ဝမ်ရိက ပြောကြားခဲ့သည်။
ထို့အပြင် ရှင်းကျန်း၊ ဟောင်ကောင်၊ ပင်လယ်ရေကြောင်းရေးရာကိစ္စရပ်များအပေါ် အမေရိကန်၏ မှားယွင်းသောအမြင်သဘောထားများကို ဝမ်ရိက တုန့်ပြန်ပြောကြားခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အမေရိကန်နိုင်ငံ၏ တရုတ်အပေါ်ထားရှိသော မူဝါဒများကို မိတ်ဆက်ပြောကြားခဲ့ရာတွင် “စစ်အေးတိုက်ပွဲသစ်”ဆင်နွှဲရန် ကြိုးပမ်းမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းမည်မဟုတ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏အာဏာရအနေအထားကို စိန်ခေါ်မည် မဟုတ်ကြောင်း ၊ တရုတ်နိုင်ငံကို ဝိုင်းဝန်းပိတ်ဆို့ရန် ကြိုးပမ်းမည်မဟုတ်ကြောင်း၊ “ထိုင်ဝမ်လွတ်လပ်ရေး”ခွဲထွက်မှုကို အားပေးမည်မဟုတ်ကြောင်း ၊ ထိုင်ဝမ်ရေလက်ကြား လက်ရှိအနေအထားကို ပြောင်းလဲရန် ကြိုးပမ်းမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် နှစ်ဖက်ဆက်ဆံရေးတွင်ရှိသော အန္တရာယ်အကြောင်းအရင်းများကို စီမံထိန်းချုပ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့သည်။
တန်းတူညီမျှ အပြန်အလှန်အကျိုးဖြစ်ထွန်းစေရန်၊ တရုတ်-အမေရိကန် ပူးတွဲလုပ်ငန်းအဖွဲ့ ဆွေးနွေးမှု ရလဒ်များ၊ သဘောတူညီချက်များ ပိုမိုရရှိစေရန် တွန်းအားပေးရေးတွင် နှစ်ဖက်သံတမန်ရေးရာနှင့်ကောင်စစ်ဝန်ထမ်းများအတွက် ပိုမိုကောင်းမွန်သောအခြေအနေ ဖန်တီးပေးရန် ၊လူမှုယဉ်ကျေးမှုကဏ္ဍတွင် ဆွေးနွေးဖလှယ်မှုများ ပြန်လည်ဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီခဲ့ကြောင်း သိရသည်။ ဥတုရာသီ ပြောင်းလဲမှု၊ ပြည်သူ့ကျန်းမာရေးကဏ္ဍစသည့်တို့တွင် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်သဘောတူညီမှုရရှိခဲ့သည်။
အာရှ-ပစိဖိတ်ဒေသ၌ တရုတ်-အမေရိကန် နှစ်နိုင်ငံ အပြုသဘောကောင်းမွန်သည့် ဆက်ဆံမှုများထားရေး စိတ်ကူးကို တရုတ်နိုင်ငံ အဆိုပြုခဲ့သည်။ ယူကရိန်းအရေး၊ ကိုရီးယားကျွန်းဆွယ် စသည့် အကြောင်းအရာများကို နှစ်ဖက်အကြား အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။
Ref: (ဆင်ဟွာ)
https://t.me/MyanmarNationalPost

No comments:
Post a Comment