MNP ၊ ဇူလိုင် ၇
ရမ်းဗြဲမြို့နယ်စာရင်းစစ်ရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ရုံး ဆိုင်းဘုတ်အား မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဉက္ကဋ္ဌဦးခင်မောင်သန်းနှင့် မြို့နယ်စာရင်းစစ်အရာရှိ ဒေါ်စောသူဇာ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များပက်ဖြန်း ပေးကြသည်။
အဆိုပါ ရုံးအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားတွင် ဆရာတော်အရှင်သူမြတ် တို့အား ပင့်ဖိတ်၍ “ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲမင်္ဂလာ”ကို ကျင်းပရာ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကာ ရေစက်သွန်ချ အမျှပေးဝေလျက် သာဓု အနုမော ဒနာ ခေါ်ဆိုကြပြီးနောက် ဆရာတော်အရှင်သူမြတ် တို့ထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ကို လည်းကောင်း၊ ဒံပေါက်ဆွမ်းဘောဇဉ် ကို လည်းကောင်း မြို့နယ်စာရင်းစစ်အရာရှိ ဒေါ်စောသူဇာနှင့် ဝန်ထမ်းများက ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
ရုံးအဆောက်အဦသစ်ဖွင့်ပွဲသို့တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများကိုလည်း ဒံပေါက်ဆွမ်းအဟာရ ဖြင့် ဧည့်ခံကျွေးမွေးပေးခဲ့ကြောင်း သိရသည်။
သတင်း - မင်းသိန်းထွန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment