Non Cdm ဝန်ထမ်းတစ်ဦး၏ အမှုအားဖုံးဖိ ခြိမ်းခြောက် ဖိအားပေးနေခြင်း (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Non Cdm ဝန်ထမ်းတစ်ဦး၏ အမှုအားဖုံးဖိ ခြိမ်းခြောက် ဖိအားပေးနေခြင်း (အိတ်ဖွင့်ပေးစာ)

 


မြန်မာနေရှင်နယ်ပို့စ် မှ ဖော်ပြပေးနိုင်ပါရန်

        

Non Cdm ဝန်ထမ်းတစ်ဦး၏အမှု့အားဖုံးဖိ ခြိမ်းခြောက်ဖိအားပေးနေခြင်းကိစ္စနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဦးစီးစီမံချက်ဖြင့် နေကြာမျိုးထုတ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကြံခင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ရောက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းသည် အတူနေဝန်ထမ်းအမျိုးသမီး(၄)ဦးနှင့် နေထိုင်ရင်း ရွှေထည်ပစ္စည်း(၄)မျိုးနှင့် ငွေသားသုံးသိန်ကျော် ကာလတန်ဖိုးသိန်း(၁၀၀)ကျော်ဖိုးခန့်ပျောက်ဆုံးသွားခဲ့ပါသည်။ ဝန်ထမ်းလုပ်သက်တလျှောက်လုံး စုဆောင်းခဲ့ရသော ပစ္စည်းများဖြစ်သည့်အပြင် အမှန်တကယ်ပျောက်ဆုံးမှု့ဖြစ်ပေါ်ခဲ့သည့်အတွက် ကြံခင်းမြို့မရဲစခန်း၌၂၆.၆.၂၀၂၂ရက်နေ့တွင်အမှု့ဖွင်လှစ်ခဲ့ပါသည်။ 


ပျောက်ဆုံးဖြစ်စဉ်နှင့်ပတ်သက်ပြီး တိုင်းစိုက်ပျိုးရေးဦးစီးမှူးမှ ပျောက်ဆုံးပစ္စည်းများ သင်တန်းသို့ပါလာခြင်း ရှိ/မရှိစစ်ဆေးရာတွင် ပါလာသည်ဟု ထွက်ဆိုသော လူအထောက်အထားများ၊ cctvမှတ်တမ်းဓာတ်ပုံများ၊ ပျောက်ဆုံးသူကိုယ်တိုင် ဝယ်ထားသော ရွှေဝယ်ဘောက်ချာများ တင်ပြခဲ့ပါသည်။ 

၂၇.၆.၂၀၂၂ရက်နေ့တွင်မြို့နယ်ရဲမှူး၊နစကမှ ဗိုလ်မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ပျောက်ဆုံးနေအိမ်၏ လုံခြုံမှု့ပျောက်ဆုံးဖြစ်စဉ်များကို မေးမြန်းပြီး ပျောက်ဆုံးနေအိမ်နှင့် ခြံစည်းရိုးများသည် လုံခြုံကြောင်း၊ လူအိပ်ချိန်မှာလဲပျောက်ဆုံးခြင်းမဟုတ်ကြောင်း၊ အပြင်လူမှ ခိုးယူခြင်းမဖြစ်နိုင်ကြောင်း မှတ်ချက်ချပြောဆိုသွားပါသည်။

         

ဝန်ထမ်းလုပ်သက်တလျှောက် ပေးအပ်သောတာဝန်ကို အမြဲကျေပွန်ခဲ့သူဖြစ်ပါသည်။ ယခုသင်တန်းကိုလဲ cdmပြုလုပ်ပြီးဌာနသို့ ပြန်ဝင်လာသော ဝန်ထမ်းအားခိုင်းစေရာ၎င်းမှငြင်းဆန်သဖြင့် ဝန်ထမ်းအသိစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့သို့ဆောင်ရွက်ခဲ့သော်လည်း ပျောက်ဆုံးသူကိုသာလျှင်အပြစ်တင်ကြိမ်းမောင်းခြင်း၊ မူလအခင်းဖြစ်နေအိမ်မှရွေ့ပြောင်းခိုင်းခြင်း၊ အတူနေသံသယဖြစ်ဖွယ်ဝန်ထမ်း(၄)ဦးကိုတော့ ၎င်းတို့နေထိုင်ရာ မြို့နယ်အသီးသီးသို့ ခွင်ပြန်စေခြင်းအပြင် နစ်နာသူဝန်ထမ်းအား တာဝန်ပေါ့လျော့မှု့အလျင်းမရှိဘဲ သင်တန်းမှပြန်လွှတ်မည်ဆိုသော စိတ်ထိခိုက်မှုမျိုးများဖြစ်အောင် ပြုလုပ်နေပါသည်။ ပျောက်ဆုံးဝန်ထမ်းသည် ဝန်ထမ်းလုပ်သက်တလျှောက် နိုင်ငံတော်၏ သစ္စာအမြဲစောင့်သိခဲ့သူဖြစ်ပြီး မိသားစုများမှာလဲတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ဝန်ထမ်းမိသားစုဖြစ်ပါသည်။

           

သို့ဖြစ်ပါ၍ ဝန်ထမ်းအသိစိတ်ဖြင့် အသက်အားပဓာနမထားပဲ ရိုးမတောင်ခြေများအပေါ်၌ စိုက်ပျိုးထုတ်လုပ်မှု့များအောင်မြင်စေရန် လုပ်ကိုင်ဆောင်ရွက်နေရင်း ချွေးနဲစာများပျောက်ဆုံးခဲ့ရသည့်အမှု့အပေါ်၌ တာဝန်ယူတာဝန်ခံလိုစိတ်များမရှိပဲ ဖုံးဖိခြိမ်းခြောက်ပြီး ဝန်ထမ်းတယောက်၏ ဝန်ထမ်းဆက်လက်လုပ်ကိုင်လိုသော စိတ်ဓာတ်များကျဆုံးအောင် လုပ်ဆောင်နေသည်ကို တာဝန်ရှိ လူကြီးမင်းများ သိရှိပြီး ကူညီဖြေရှင်းပေးနိုင်ပါစေရန် ရင်ဖွင့်အပ်ပါသည်။


ဝန်ထမ်းတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)