သထုံမြို့နယ်၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်လှစ်





MNP ၊ ဇူလိုင် ၄

မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ဇူလိုင်လ ၄ ရက်၊ နံနက် ၉ နာရီအချိန်ခန့်က ပြည်နယ်ငါးလုပ်ငန်းဦစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။


အခမ်းအနားတွင် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ပြည်နယ်မှူး ဦးတင်နိုင်ဝင်းက ငါးမွေးတောင်သူများအနေဖြင့် ကောင်းမွန် သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)စနစ်ဖြင့် နိုင်ငံတကာမှ လက်ခံသည့် မွေးမြူရေးစံနှုန်းများနှင့်အညီ ငါးမွေးမြူရေးနည်းပညာများ ရရှိမွေးမြူနိုင်ပြီး မွန်ပြည်နယ်၏ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေ‌ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်ကာ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို ဇူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ စာတွေ့လက်တွေ့ သုံးရက်ကြာ အခမဲ့စားရိတ်ငြိမ်း ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ နေ့စားဝန်ထမ်း သင်တန်းသား/သူ ၂၀ ဦး  တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 သတင်း - နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)