ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး(၂၀၇၈၉)ဦး ထိုးနှံပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး(၂၀၇၈၉)ဦး ထိုးနှံပြီးဖြစ်

 



MNP - ဇူလိုင်   ၂၇


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကာကွယ်ဆေးများကို အသက်(၅)နှစ်မှ(၁၅)အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပကလေးသူငယ်များ၊ အသက် (၁၅)မှ(၁၈)နှစ်အတွင်းရှိ သာမဏေများ၊ သီလရှင်များ၊ ကျောင်းသား/ကျောင်းသူများ၊ အသက်(၁၈)နှစ်အထက် ပြည်သူများအားကိုဗစ်-၁၉ ရောဂါကို ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇူလိုင်(၂၇)က်နံနက်(၉)နာရီခွဲက တတိယအကြိမ်ထပ်ဆောင်းကာကွယ်ဆေး (၂၀၇၈၉) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။


ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ပထမအကြိမ် အသက်(၅)နှစ်မှ (၁၅)နှစ် ကျောင်းသား/ ကျောင်းသူနှင့်ကျောင်းပြင်ပကလေးငယ်(၂၈၁၆၄)ဦး၊ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေ၊ သီလရှင်နှင့် ကျောင်းသား၊ကျောင်းသူ(၉၉၈၀)ဦး၊ အသက်(၁၈) နှစ်အထက်ပြည်သူ(၁၆၇၆၂၁)ဦး စုစုပေါင်း(၂၀၆၂၁၅)ဦးနှင့် ဒုတိယအကြိမ် အသက်(၅)နှစ်မှ(၁၅)နှစ် ကျောင်းသား/ကျောင်းသူနှင့် ကျောင်းပြင်ပကလေးငယ်(၁၇၇၁၆)ဦး၊ အသက်(၁၅)နှစ် နှင့်(၁၈)နှစ်အတွင်း သာမဏေ၊သီလရှင်နှင့် ကျောင်းသား၊ ကျောင်းသူ(၉၁၆၉) ဦး၊ ပြည်သူ(၁၅၁၃၀၇)ဦး၊ စုစုပေါင်း (၁၇၈၁၉၂)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး(၂၀၇၈၉)ဦးအား ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ် ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရေးအတွက်ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခြင်း၊ အခြေခံပညာကျောင်း (၆၄) ကျောင်းနှင့် စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမ၊ စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှ စသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ပထမအကြိမ်၊ ဒုတိဘအကြိမ်နှင့် တတိယအကြိမ်ထပ် ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)