မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းကောင်စီ ဥက္ကဋ္ဌ ဘောလုံးအသင်းပြိုင်ပွဲ ဆုပေးပွဲပြုလုပ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းကောင်စီ ဥက္ကဋ္ဌ ဘောလုံးအသင်းပြိုင်ပွဲ ဆုပေးပွဲပြုလုပ်ကျင်းပ





MNP - ဇူလိုင်   ၂၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကောင်စီ ဥက္ကဋ္ဌ ဘောလုံးအသင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။


ကျောင်းကောင်စီ ဥက္ကဋ္ဌ ဘောလုံးပြိုင်ပွဲသည် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေခြင်း၊ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီး ပူးပေါင်းဆောင်ရွက်တတ်စေခြင်း၊ အရှုံးအနိုင်ကို ပဓာနမထားဘဲ  စည်းလုံးညီညွတ်စွာ ကြိုးစား ယှဉ်ပြိုင်စေခြင်းများကို စီစဉ်ဆောင်ရွက် မှာကြားကာ အမျိုးသား(၅)သင်း၊ အမျိုးသမီး(၅) သင်းကိုအသင်းကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။


အထကကျောင်း မိုင်းနောင်၏ ကျောင်းကောင်စီဥက္ကဋ္ဌ ဘောလုံးအသင်းပြိုင်ပွဲတွင် အမျိုးသား အသင်းမှ ဗန္ဓုလအသင်းက ပထမ၊ အလောင်းဘုရားအသင်းက ဒုတိယ၊ အမျိုးသမီးအသင်းမှ အလောင်းဘုရားအသင်းက ပထမ၊ ဘုရင့်နောင်အသင်းက ဒုတိယရရှိခဲ့ပြီး အမျိုးသားအကောင်း ဆုံးဆုကို ဗန္ဓုလအသင်းမှ စိုင်းခေးလှိုင်းဟန်ကလည်းကောင်း၊ အမျိုးသမီးအကောင်းဆုံးဆုကို ဘုရင့်နောင်အသင်းမှ နန်းယွမ့်ဟွမ်မှလည်းကောင်း ရရှိခဲ့ပြီး ဆုရရှိသောအသင်းများနှင့် အကောင်းဆုံးဆုရရှိသူများကို အခမ်းအနားတက်ရောက်လာသော မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - မနန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)