စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမည်စိုးရိမ်ရသဖြင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စတို့အား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမည်စိုးရိမ်ရသဖြင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စတို့အား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ ပေးအပ်





MNP - ဇူလိုင်   ၂၇


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပတ္တမြားခန်းမဆောင်တွင် ဧရာဝတီမြစ်ကမ်းပါးနှင့် နီးစပ်သည့် ကျေးရွာအုပ်စု(၅)အုပ်စုရှိ အိမ်ထောင်စု(၉၃)စုတို့မှ မိသားစုဝင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဇူလိုင်လ(၁၄)ရက်နေ့က ဖြစ်ပွားခဲ့သော ရွှေ့ပြောင်းအိမ်ထောင်စုများဖြစ်သည့် ပေါက်လေးပင်ကျေးရွာ၊ မြေခြားကျေးရွာ၊ ဆင်ပွတ်ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကျောက်ရဲကျွန်းကျေးရွာ၊ သနပ်ကုန်းကျေးရွာ၊ ငွေသောင်ကျေးရွာ၊ တောကြီးကျေးရွာအုပ်စုများမှ ပြောင်းရွှေ့ မိသားစုဝင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်ကြီးကြပ်မှုဖြင့် မင်းဘူးခရိုင် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်း၊ စလင်းမြိုနယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်တို့မှ အိမ်ထောင်စု(၉၃)အိမ်ထောင်စုတို့အတွက် ဆန်ရိက္ခာဖိုး တစ်ဦးလျှင် (၂၁၀၀)ကျပ်နှုန်းဖြင့် လူဦးရေ(၃၅၁)ဦးအတွက် (၇၃၇၁၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ထောင်စု(၉၃)အိမ်ထောင်စုအတွက် တစ်အိမ်ထောင်လျှင် (၁၀၀၀၀၀)ကျပ်နှုန်းဖြင့် (၉၃၀၀၀၀၀)ကျပ်၊ စုစုပေါင်း(၁၀၀၃၇၁၀၀)ကျပ်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)