တန့်ယန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်




MNP - ဇူလိုင်   ၂၇


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ကြသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က (၄)ဘာသာ ဂုဏ်ထူးရှင် မခင်မြတ်သွယ်အားလည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်စန်းသီတာညွန့်က (၃)ဘာသာဂုဏ်ထူးရှင် မောင်လင်းထက်ထွေးအားလည်းကောင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်အယ်လ်ဂျာတွမ်က (၃)ဘာသာ ဂုဏ်ထူးရှင် မောင်စိုင်းခေးလင်လျန်အားလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က (၃)ဘာသာဂုဏ်ထူးရှင် မောင်သော်တာအောင်အားလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်ရွှေဇင်အောင်က မောင်ရဲရင့်ဟိန်းအားလည်းကောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်အောင်ထူးက မောင်တင့်ထူးလွင်အားလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦးက မောင်ဝင်းလှိုင်ဟိန်း အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ကြပြီး (၄)ဘာသာဂုဏ်ထူးရှင် မခင်မြတ်သွယ်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။  

               

  သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)