ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက် နေသည့် ကျောင်းသား၊ကျောင်းသူများအား စာအုပ်၊စာစောင်များလေ့လာဖတ်ရှုနိုင်ရန် Mobile Library ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက် နေသည့် ကျောင်းသား၊ကျောင်းသူများအား စာအုပ်၊စာစောင်များလေ့လာဖတ်ရှုနိုင်ရန် Mobile Library ကွင်းဆင်းဆောင်ရွက်



MNP ၊  ဇူလိုင်  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ကျောင်းသူများအား စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့် ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့သွားရောက်ပြီး Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။ 


ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ဖြူခရိုင်ရုံး ဝန် ထမ်းများက Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း စသည့်စာအုပ်ပေါင်း ၈၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ၎င်းIDPs စခန်းအတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများမှ စိတ်အားထက် သန်ပျော်ရွှင်စွာဖြင့် ငှားရမ်းခဲ့ကြသည်။ 


အဆိုပါခိုလှုံရာစခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်ပညာသင်ယူနေ သည့် ကျောင်းသား၊ကျောင်းသူပေါင်း (၁၉၆)ဦးရှိကြောင်း၊  ယခုလို စာအုပ်၊စာပေများလာရောက်ငှားရမ်း ပေးသည့် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများအား အထူး ပင်ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍လည်း လာရောက်ငှားရမ်းပေးစေလိုကြောင်း ၎င်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်သိန်းဟန်က ပြောကြားသည်။ 


ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ထိုသို့ ဦးစီးဌာနရုံးများ၊ စာသင်ကျောင်းများသို့ Mobile Library ဖြင့်ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)