ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီနှင့် သစ်တော သီးနှံ ရောနှောစိုက်ခင်း မြေသြဇာကျွေးနည်း ကွင်းသရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီနှင့် သစ်တော သီးနှံ ရောနှောစိုက်ခင်း မြေသြဇာကျွေးနည်း ကွင်းသရုပ်ပြပွဲ ကျင်းပ




MNP - ဇူလိုင်  ၂၇


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ ကောဖီနှင့် သစ်တော သီးနှံရောနှောစိုက်ခင်း မြေဩဇာကျွေးနည်း ကွင်းသရုပ်ပြပွဲကို ယမန်‌နေ့ နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ ကောယားကျေးရွာအုပ်စု၊ စံကပ်ကွင်း ဦးပိုင်အမှတ် (၃၈)ရှိ၊ တောင်သူ ဦးမောင်မဲ၏ စိုက်ခင်းမြေနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါကွင်းသရုပ်ပြပွဲတွင် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက သီးနှံသစ်တော ရောနှောစိုက်ပျိုးနည်းစနစ် (Agroforestry) ဖြင့်တောင်သူများ၊ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်း ဆွေးနွေးပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဦးမင်းမင်းဇော်က ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများဆွေးနွေးပြီး၊ ကော်ဖီသီးနှံ မြေသြဇာကျွေးနည်း လက်တွေ့ သရုပ်ပြသခဲ့သည်။


ဆက်လက်၍ ဒု-လက်ထောက်ဦးစီးမှူး နွယ်နွယ်စိန်က ကော်ဖီပင်တွင် ကျရောကတတ်သော ကော်ဖီပင်စည်တိုးဖိုး (Stem Borer)ကာကွယ်နှိမ်နှင်းခြင်း အကြောင်းအရာများကို ဆွေးနွေးပြီး၊ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်ဇာဇာလှိုင်က မြေဆီလွှာ ဖွံဖြိုးတိုးတက်ရန် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲရေးနှင့် အီအမ်ဘိုကာရှီ သဘာဝမြေ ဩဇာ ပြုလုပ်သုံးစွဲနည်း ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


အဆိုပါ ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ(၁၅)ဦး၊ ဟုမ္မလင်းမြို့နယ်၊ ကောယားကျေးရွာအုပ်စု၊ စံကပ်ကျေးရွာနှင့် မာလာကျေးရွာတို့မှ တောင်သူ (၃၀)ဦးခန့် တက် ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - လင်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)