MNP - ဇူလိုင် ၃၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဝန်ထမ်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
ဆက်လက်၍လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးများ ထိုးနှံနေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူ၊ မြို့နယ် တာဝန်ခံဆရာဝန် ဒေါက်တာသင်းသင်းနိုင်နှင့် သက်ဆိုင်ရာကျောင်းမှ ပါမောက္ခနှင့်ဆရာ ဆရာမများမှ ကြည့်ရှုအားပေးခဲကြောင်း သိရှိရပါသည်။
သတင်း - စိမ်းလဲ့
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment