ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 




MNP - ဇူလိုင်   ၁၂


 ဝါဆိုလဆန်း(၁၄)ရက်၊ ၂၀၂၂ ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။


အခမ်းအနားတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့ စွန်းလွန်ဂူ ကမ္မဌာန်းကျောင်းတိုက် ဆရာတော်နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်မြတ်များက မေတ္တာသုတ်ပရိတ် တရားတော်ပွားများပေးကြသည်။


ဆက်လက်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်နှင့်ဇနီး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဧည့်ပရိတ်သတ်တို့မှ ဆက်ကပ်လှူဒါန်းပေးကြသည်။


ထို့နောက် တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိ စာသင်တိုက်ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာဂန္တ ဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်း လိုက်ပြီး ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းပေးကြကြောင်း သိရသည်။


အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှုတွင် စုစုပေါင်းတန်ဖိုး (၄၂,၈၉၉,၄၀ဝိ/) လေးရာ နှစ်ဆယ်ရှစ်သိန်း ကိုးသောင်း ကိုးထောင် လေးရာကျပ်ဖြစ်ကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)