ရွှေကူမြို့နယ်တွင် ပြန်/ဆက်ဦးစီးဌာန (Community Centre) ခန်းမ၌ မျောက်ကျောက်ရောဂါ သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကူမြို့နယ်တွင် ပြန်/ဆက်ဦးစီးဌာန (Community Centre) ခန်းမ၌ မျောက်ကျောက်ရောဂါ သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်




MNP - ဇူလိုင်   ၁၂


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများ ပြည်သူ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မျောက်ကျောက်ရောဂါ သိကောင်း စရာအသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြန်/ဆက် (Community  Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သူဇာမြင့်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးနောက် ကိုဗစ်ကာကွယ်ဆေးများ ပေါ်လာပြီး ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းများကြောင့် ကိုဗစ်-၁၉ ပျံ့ပွားမှုနှုန်းများ ကျဆင်းလာပြီးနောက် မျောက်ကျောက်ရောဂါ ဟူသော ရောဂါဆန်တစ်မျိုးက ကမ္ဘာကို ရိုက်ခတ်ဖြစ်ပွားလာသည့်အတွက် မိဘပြည်သူများအနေဖြင့် အဆိုပါ မျောက်ကျောက်ရောဂါ အကြောင်း သိထားသင့်သည့်များကို ဗဟုသုရရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးရာရှိ ဒေါ်ခင်ပပသိန်းက မျောက်ကျောက် ရောဂါသည် ၁၉၅၈ ခုနှစ်၌ သုတေသနလုပ်ရန် ခေါ်ဆောင်လာသော မျောက်များ၌ စတင်တွေ့ရှိခဲ့ခြင်းကြောင့် မျောက်ကျောက်ဟု အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မျောက်ကျောက် ရောဂါပိုး ကူးစက်ခံရလျှင် ရောဂါကူးစက် ခံရပြီး ၇ ရက်မှ ၁၄ ရက်အတွင်း (သို့မဟုတ်)  ၅ ရက် မှ ၂၁ ရက်အတွင်း လက္ခဏာပြနိုင်ပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ နောက်ကျောနှင့် ခါးများ နာကျင်စေခြင်း၊ ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း၊ ချမ်းတုန်ခြင်း၊ ခြေကုန် လက်ပမ်းကျ၍ မောပန်းလွယ်ခြင်း စသဖြင့် ခံစားရစေနိုင်ကြောင်း၊ ခန္ဓာကိုယ်အနှံ့ အဖုအပိန့်များ ထွက်လာ စေတတ်ကြောင်း၊ အဆိုပါ ရောဂါများသည် တိရစ္ဆာန်များမှ တစ်ဆင့် ကူးစက်နိုင်ပြီး ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးသော အမှုန်များမှ တစ်ဆင့် အသက်ရှူလမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများမှ တစ်ဆင့် ဝင်ရောက်နိုင်ခြင်းကြောင့် တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးသည့်အခါတိုင်း လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေ‌သေ ချာချာ ပွတ်သတ်ဆေးကြောခြင်း၊ ရေမလို လက်သန့်ဆေးရည်သုံးခြင်း၊ အကာအကွယ်စ္စည်းများ အသုံးပြုခြင်း များဖြင့် ကာကွယ်သွားကြရန် လိုအပ်ကြောင်း စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်ပပသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)