ကင်မွန်းတော်ရွာကို ကယ်တင်ပေးပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကင်မွန်းတော်ရွာကို ကယ်တင်ပေးပါ



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ ရဲ့ (၁၇)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ရင်ဆိုင်နေရတဲ့ အခြေအနေကို တင်ပြခဲ့ပါတယ်။ ကင်မွန်းတော်ရွာရဲ့ ဘေးပတ်ဝန်းကျင်ရွာတွေမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမား များနေပြီး လမ်းမှာ မိုင်းတွေထောင်ထားကြတဲ့အတွက် ကင်မွန်းတော်ရွာသားတွေ သွားလာရေးအဆင်မပြေဖြစ်နေကြပါတယ်။

၁၄ - ၇ - ၂၀၂၂ ရက်နေ့ည ဒီစာကို မရေးခင်လေးမှာပဲ ဆက်သွယ်လို့ ရတဲ့သူဆီ ဆက်သွယ်လိုက်တော့ အခြေအနေက ဘာမှ မထူးဘူးတဲ့။ မုံရွာ - အမြင့် ကားလမ်းမှာ မိုင်းတွေထောင်ထားတဲ့အတွက် မသွားလာရဲကြဘူး။ ပို့ထားတဲ့ ရိက္ခာတွေတောင် ထွက်မယူရဲကြဘူး ဖြစ်နေတယ်လို့ သိရပါတယ်။

ကျွန်တော်တို့အနေနဲ့လည်း နှုတ်၏ ဆောင်မခြင်းက လွဲလို့ ဘာမှ မတတ်နိုင်ဘူး။ ကင်မွန်းတော်ရွာသားတွေ အသတ်ခံခဲ့ရတာ ၃၇ ယောက်ဖြစ်ပါတယ်။ ကျွန်တော် တင်ပြမယ့်နေ့မှာ မိုင်းထိပြီး တစ်ယောက် သေဆုံးခဲ့ရတဲ့အတွက် ၃၈ ယောက်အထိ အသက်ဆုံးရှုံးခဲ့ရပါပြီ။

အဲဒီကင်မွန်းတော်ရွာက NLD အစွန်းရောက် အကြမ်းဖက်ပါတီ ကို ထောက်ခံတဲ့ မိသားစုဟာ ဘေးပတ်ဝန်းကျင်က အကြမ်းဖက်သမားတွေကို သတင်းပေးပြီး ကိုယ့်ရွာသားတွေ အတိဒုက္ခရောက်အောင် ဖန်တီးသွားပါတယ်။ အခု အဲဒီ မိသားစုက ပြင်ဦးလွင်ဘက်ကမှာ တိမ်းရှောင်နေပါတယ်။ သူတို့ရဲ့ သား ကိုရီးယားမှာ အလုပ် လုပ်နေတဲ့ ကောင်က ငွေကြေးအလှူခံပြီး PDF ကို ထောက်ပံ့ပေးနေတယ်။ ကင်မွန်းတော်ရွာကို ပြာဖြစ်အောင်လုပ်ဖို့ လှုံ့ဆော်နေတယ်။ အဲဒါ ကင်မွန်းတော်ရွာသား NLD အစွန်းရောက်တွေရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သူ့မိသားစုဝင်တွေကို တကယ် အရေးယူမယ်ဆိုရင် ပြင်ဦးလွင် ဘယ်နေရာမှာ ရှောင်နေတယ်ဆိုတာ သတင်းပေးနိုင်ပါတယ်။ 

အဲဒီလို ရွာသားအချင်းချင်း ယုတ်မာခဲ့တဲ့ NLD အစွန်းရောက် အကြမ်းဖက်တွေကိုလည်း အရေးယူတာမျိုး မရှိသလို ဘေးပတ်ဝန်းကျင် က တကယ့် လူယုတ်မာ အကြမ်းဖက်သမားတွေကိုလည်း နှိမ်နင်းပေးခြင်း မရှိတဲ့အတွက်ကြောင့် ကင်မွန်းတော်ရွာဟာ အကြမ်းဖက်သမားတွေရဲ့ကြားမှာ ပိတ်မိနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဘယ်သူ ကူညီပါ၊ ဘယ်ဝါ ကယ်တင်ပါလို့ ခေါင်းစဉ်တပ်ပြီး မပြောချင်ပါဘူး။ အပြစ်မဲ့ ပြည်သူပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်နေတဲ့ NLD အစွန်းရောက် အကြမ်းဖက်သမားတွေကို ဒီအတိုင်းပဲ ကြည့်နေကြမယ်ဆိုရင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ နေ့စဉ်ရက်ဆက် အသတ်ခံနေရအုံးမှာပဲ ဖြစ်ပါတယ်။

လူစိတ်မရှိတဲ့ အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတွေကို ပြည်သူတွေလို့ သဘောထားပြီး ဥပဒေဘောင်အတွင်းမှာ တည်ငြိမ်အေးချမ်းစွာ နေလိုတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မပေးဘူးဆိုရင် တာဝန်ရှိသူတွေရဲ့ လုပ်ရပ်တွေဟာ တလွဲဆံပင်ကောင်း ဖြစ်နေပါလိမ့်မယ်။ အကြမ်းဖက်သမားကို ပြည်သူလို့ သဘောထားရင် ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေကို ပိုပြီး တန်ဖိုးထားရမယ် မဟုတ်ပါလား။

ကျွန်တော်တို့အနေနဲ့တော့ နှုတ်၏ ဆောင်မခြင်းက လွဲလို့ မတတ်နိုင်ပါဘူး။ ရွာသူ ရွာသားတွေမှာ မထွက်မဖြစ်လို့၊ စားရေးရိက္ခာ ပြတ်လပ်လာလို့  မဖြစ်မနေ သွားလာဆောင်ရွက်ရပြန်တော့လည်း သွားတာလာတာ သူတို့ကို အကြောင်းမကြားရကောင်းလားလို့ အပြစ်တင်ခြင်း ခံရပါသေးတယ်။ သူတို့ ကိုယ်တိုင်ကတော့ ရုံးထဲက ရုံးအပြင် ခြေတစ်ဖဝါးတောင် မခွါရဲကြတဲ့ သူတွေအနေနဲ့လည်း ငါတို့သာ ဒီလိုအခြေအနေမျိုးဖြစ်နေရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး မွေးပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ကျွန်တော်တို့အတွက် သစ္စာစကားသည်သာ အားထားရာ ဖြစ်နေပါတယ်။ ကင်မွန်းတော်ရွာအတွက် သစ္စာပြုပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ကျွန်တော်တို့က ဖန်တီး လုပ်ဆောင်နေသည်ဆိုပါက ကျွန်တော်သည် သွားလေရာ လာလေရာ ဘေးသင့်ပါစေ။ အန္တရာယ်တွေ့ပါစေ။ မြန်မာ့မြေပေါ်မှ အမြန်ဆုံး ပျောက်ကွယ်ပါစေ။

ကျွန်တော်တို့သည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ NLD အစွန်းရောက်များသည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေသည်ဆိုပါကလည်း လှုံ့ဆော်သူ၊ အားပေးသူ၊ ငွေကြေးထောက်ပံ့သော နိုင်ငံ၊ အဖွဲ့အစည်း၊ အကြမ်းဖက်သမား အားလုံးသည် သွားလေရာ လာလေရာ ဘေးတွေ့ပါစေ။ အန္တရာယ်တွေ့ပါစေ။ NLD အစွန်းရောက် အာဏာရူးများဘက်မှ ရပ်တည်သူ၊ ထောက်ပံ့သူ အကြမ်းဖက်သမားအားလုံးသည် မြန်မာ့မြေပေါ်မှ အမြန်ဆုံးပျောက်ကွယ်ပါစေ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)