MNP - ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု အုတ်ရှစ်ကုန်းကျေးရွာအနီးရှိ ငါးပိဆယ်ရိုးချောင်းအတွင်း ငါးရစ်ငါးသန် ဖမ်းဆီးမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ငါးပိဆယ်ရိုးချောင်းအတွင်း ငါးရစ်ငါးဖမ်း ယကွင်းပိုက်၊ ပိုက်အိတ်များ၊ မြုံးများအား ပိုင်ရှင်မဲ့ စစ်ဆေး တွေ့ရှိသဖြင့် ဖယ်ရှား ဖျက်ဆီး ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်သူများအား ငါးရစ်ငါးသန်ကာလအတွင်း ငါးများဖမ်းဆီးမှု မရှိစေရေးအတွက် အသိပညာပေး ဆိုင်းဘုတ်များဆိုက်ထူးခြင်း၊ လက်ကမ်းစာစောင်များဖြန်ဝေခြင်းစသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment