လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး



MNP - ဇူလိုင်   ၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ပြည်သူ့ဆေးရုံကြီး၊မြို့တော်ခန်းမ၊ စိတ္တသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သာသနဟိတကာရီသီလရှင်စာသင်တိုက် စသည့်ကာကွယ်ဆေးထိုးစုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ပြည်သူများ၊ Phase-10/11 ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး Booster Dose ထိုးနှံရန်ကျန်ရှိသူများ အားလည်းကောင်း၊ မြို့တော်ခန်းမတွင် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားသားစုများ First/Second Dose နှင့် Booster  Dose ထိုးနှံ ရန်ကျန်ရှိသူများအား လည်းကောင်းကာကွယ်ဆေးများထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။ ထို့ပြင် လားရှိုးမြို့ စိတ္တသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် သာသနဟိတကာရီသီလရှင်စာသင်တိုက်ရှိ အသက်(၅)နှစ် နှင့် (၁၂)နှစ်ကြား ကိုရင်လေးများနှင့် သီလရှင်များအားလည်းကောင်း၊ လားရှိုးမြို့ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)ရှန်ခိုက်၊ အခြေခံပညာမူလတန်းကျောင်း-နမ့်ဖတ်အွန်နှင့် အခြေခံပညာမူလတန်းကျောင်း-နောင်ဖော့တို့တွင် အသက်(၅)နှစ်နှင့် (၁၂)ကြားကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)