နည်းပညာလွှမ်းမိုးမှုအပေါ် အမှီပြုသည့် အမေရိကန်၏ " သံတမန်ရေးအကျပ်ကိုင်မှု" နောက်ထပ်ဥပမာတစ်ခုဖြစ်ကြောင်း ကျောက်လိကျန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာလွှမ်းမိုးမှုအပေါ် အမှီပြုသည့် အမေရိကန်၏ " သံတမန်ရေးအကျပ်ကိုင်မှု" နောက်ထပ်ဥပမာတစ်ခုဖြစ်ကြောင်း ကျောက်လိကျန်းပြောကြား



ပေကျင်း၊ ဇူလိုင် ၇ 

နယ်သာလန်နိုင်ငံ ASML ကုမ္ပဏီမှ ထုတ်လုပ်ထားသည့်ချစ်ပ်ကတ်ပြားများမှ အလွန်အရေးကြီးသည့် အဓိကနည်းပညာများအထိ တရုတ်နိုင်ငံသို့ ရောင်းချခြင်းကို အမေရိကန်က တားမြစ်ရန် တွန်းအားပေးနေကြောင်း သတင်းဖော်ပြချက်များနှင့် ပတ်သက်၍ ၎င်းသည် အမေရိကန်က နိုင်ငံ့အင်အားကို အလွဲသုံးစားလုပ်ပြီး နည်းပညာလွှမ်းမိုးမှုအပေါ် အမှီပြုသည့် အမေရိကန်၏ "အကျပ်ကိုင် သံတမန်ရေး" နောက်ထပ်ဥပမာတစ်ခုဖြစ်သလို စံတင်လောက်သော နည်းပညာအကြမ်းဖက်ဝါဒလည်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၆ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။  

လက်ရှိ ဂလိုဘယ်လိုက်ဇေးရှင်း အခြေအနေအောက်တွင် အမေရိကန်နိုင်ငံက နည်းပညာနှင့် စီးပွားရေး၊ ကုန်သွယ်ရေးကိစ္စရပ်များအား နိုင်ငံရေးအသွင်ဆောင်ခြင်း၊ အသုံးချကိရိယာအသွင်ဆောင်ခြင်း၊ စိတ်သဘောထား အမြင်အရ အသွင်ဆောင်ခြင်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အခြားနိုင်ငံများအပေါ် “နည်းပညာဆိုင်ရာ ပိတ်ဆို့မှု” “နည်းပညာဆိုင်ရာ ချိတ်ဆက်မှု ပြတ်တောက်ခြင်း” လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုလုပ်ဆောင်မှုက  အခြားနိုင်ငံများက နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင် အမေရိကန်ကို အမြဲအားကိုးနေခြင်းက အလုပ်မဖြစ်တော့ကြောင်းကို ပိုမိုသတိရှိလာစေမည်ဖြစ်သောကြောင့် နိုင်ငံအသီးသီးအနေဖြင့် နည်းပညာဆိုင်ရာ လွတ်လပ်မှု၊ မိမိကိုယ်ကို အားကိုးနိုင်မှု၊ အားကောင်းမှု အကောင်အထည်ဖော်နိုင်ရေးကို တွန်းအားပေးမည်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ 

တစ်ပါးသူ၏ လမ်းကြောင်းကို ပိတ်ဆို့ရန် ကြံစည်မှုက နောက်ဆုံးတွင် မိမိလမ်းကြောင်းကိုသာ ပိတ်ဆို့မိသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တရားမျှတသော ရပ်တည်ချက်ကို လက်ကိုင်ပြုကာ မိမိ၏ ရေရှည်အကျိုးစီးပွားနှင့် တရားမျှတမှုရှိသော ဈေးကွက်အခြေခံမူကို အခြေပြုလျက် လွတ်လပ်ပြီး ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်ရန် မျှော်လင့်ပါကြောင်း ၎င်းကဆိုသည်။


Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)