ပေါက်ခေါင်းမြို့နယ် ဒွရွာကျေးရွာ၌ ကျေးလက်ရေပေးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ် ဒွရွာကျေးရွာ၌ ကျေးလက်ရေပေးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး



MNP - ဇူလိုင်   ၂၇


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဒွရွာကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဌေးဇော်၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အေးမို့မို့ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးနှင့် အင်ဂျင်နီယာအဖွဲ့များက အဆိုပါကျေးရွာ ကျေးလက်ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းကိုက်ညီရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် ပြောကြားခဲ့သည်။ ဒွရွာကျေးရွာတွင် ပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ကျေးလက်ဦးစီးဌာနမှ ဆောင်ရွက်ပေးရာတွင် ရေဂါလံ ၅၀၀၀ ဆံ့ ရေစုကန်အပါအဝင်တွင်း အကျယ်  ၄ လက်မ၊ အနက်ပေ  ၄၀၀ စက်ရေတွင်းကို ဆိုလာစနစ်အသုံးပြု၍ ရေတင်အသုံးပြုနိုင်ရန် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)