စဉ့်ကူးမြို့နယ် မိုးကောင်းကြီးကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ် မိုးကောင်းကြီးကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်း စစ်ဆေး



MNP ၊ ဇူလိုင်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မိုးကောင်းကြီးကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများအား ဈေးကွက်အတွင်းသို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူ ပို့ဆောင်နိုင်စေရေးနှင့် တောင်သူများ၏ စိုက်ပျိုးမြေဧကများသို့ အလွယ်တကူ သွားလာနိုင်ရေး တို့အတွက် မိုးကောင်းကြီးကျေးရွာတွင် ရွှေပြည်သစ္စာကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ပေးလျက်ရှိသော ကုန်ထုတ်လမ်းဖောက်လုပ်ပေးနေမှု အခြေအနေတို့ကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ 


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျတ် ငွေလုံးငွေရင်း ရန်ပုံငွေ ၅၆.၂၀၀ ကျပ်သန်းဖြင့် မိုးကောင်းကြီးကျေးရွာတွင် (၁/၀ မိုင် ×၁၂'×၂'×၉") ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းကို တင်ဒါအောင်မြင်ခဲ့သည့် ရွှေပြည်သစ္စာကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ပေးလျက်ရှိပြီး လုပ်ငန်း စံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေတို့ကို စဉ့်ကူးမြို့နယ် လုပ်ငန်းစီမံကိန်းစစ်ဆေးရေးအဖွဲ့ ဒေါ်သီတာအေး-ဦးစီးအရာရှိ (နည်းပညာ)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးအောင်ကိုကိုဦး-ဦးစီးအရာရှိ (နည်းပညာ)နှင့် ဝန်ထမ်းများ က (၂၂-၇-၂၀၂၂) ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြပြီး သတ်မှတ်ရက်အတွင်း အချိန်မီ ပြီးစီးအောင်မြင်စွာ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြသည်။


အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်မှု ပြီးစီးပါက မိုးကောင်းကြီးကျေးရွာရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေဧက (၁၂၅၀)ကို လွှမ်းခြုံအကျိုးပြုနိုင်မည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး ထံမှ သိရသည်။ 


သတင်း - တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)