ပိုင်ကျုံမြို့အမှတ် (၄)ရပ်ကွက်‌ အောင်မင်္ဂလာလမ်းပေါ်တွင် box culvert တစ်စင်းတည်ဆောက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ကျုံမြို့အမှတ် (၄)ရပ်ကွက်‌ အောင်မင်္ဂလာလမ်းပေါ်တွင် box culvert တစ်စင်းတည်ဆောက်ပေး



MNP - ဇူလိုင်   ၁၂


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေ ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေ စေရန် ရည်ရွယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ‌သည်။


ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ(၃) လပတ်အတွင်း ကရင် ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် (၆.၁၈)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊‌ အောင်မင်္ဂလာ လမ်း‌ပေါ်တွင် အကျယ်(၂၄)ပေ၊ အရှည်(၅)ပေရှိ Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


အဆိုပါ တံတားတည်‌ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီး‌နိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများပြီးစီးပါက  မြို့သာယာလှပ‌ပြီး အများပြည်သူများအနေဖြင့် လူနေမှု ဘဝနှင့် သွား‌ရေးလာ‌ရေး အတွက်အဆင်‌ပြေလွယ်ကူ‌‌လာစေပြီး ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)