MPN - ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ငှက်ပျောကျွန်းကျေးရွာအုပ်စုနှင့် ကညင်ကောက်ကျေးရွာ အုပ်စုတို့ရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲရုံး ခန်းမ၌ပြုလုပ်ခဲ့ သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံနေကြာ စိုက်ပျိုးဧကလျာထားချက် ပြည့်မီစွာ စိုက်ပျိုးရေး၊ ထော်လာဂျီလိုင်စင်များပြုလုပ်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် မြို့ရွာသန့်ရှင်းသာယာရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အပတ်စဉ် စနေနေ့ နံနက်တိုင်း သန့်ရှင်းရေးဆောင်ရွက်ရန်၊ မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် မြစ်ရေ အန္တရာယ်ကင်းဝေးစေရေး စသည့် အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးတာဝန်ခံများ၊ တောင်သူများ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment