MNP - ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူ သွားလာလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုများ မြန်ဆန်စေရေး၊ မြို့သန့်ရှင်း သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ လုပ်ငန်းပြောင်းဆောင်ရွက်ခြင်းအနေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း၊ Box Culvert တည်ဆောက်ခြင်းနှင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများကိုငွေကျပ် ၉၉ ဒသမ ၉ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများတွင် ကျေးလက်ရုံးမြောက်ဘက်အဝင်လမ်းမှ ပြည်သူ့အငှားအိမ်ရာဝင်းအထိ အရှည် ၁၄၉၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက္မရှိ ကွန်ကရစ်လမ်းအဆင့်မြှင်တင် ဆောင်ရွက်ခြင်း၊ အဆိုပါလမ်းပေါ်တွင် (၂၄×၆×၃) ပေရှိ Box Culvert သုံးစင်း တည်ဆောက်ခြင်း၊ လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာဘေး လမ်း အရှည်ပေ ၂၀၀၊ အကျယ် ၁၈ ပေ၊ ထု ၆ လက္မရှိ ကွန်ကရစ်လမ်းခင်းခြင်း၊ အမှတ် (၂) ရပ်ကွက်တွင် ဂါလန် ၂၄၀၀ ဆံ့ ရေစင်၊ ရေစက်ရုံနှင့် ၄ လက်မစက်ရေတွင်းတူးဖော်ခြင်း၊ အမှတ်( ၂)ရပ်ကွက်တွင် (၁၈× ၆ ×၃) ပေရှိ Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို မတ်လကုန်ပိုင်းက စတင် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပြည်သူများ သွားလာမှုလွယ်ကူစေရေးကို များစွာအကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
သတင်း - အောင်ဝင်းငြိမ်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment