MNP - ဇူလိုင် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဖွင့်ပွဲကို (Semi-Hybrid) ပုံစံဖြင့် ယနေ့နံနက်တွင် အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ ချစ်ဦးလွင်က သင်တန်း၌ သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။ သင်တန်းကို (Semi-Hybrid) ပုံစံဖြင့် ကျင်းပခဲ့ကာ မင်းပြားမြို့နယ်မှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းသား(၁၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလအတွင်း မွေးမြူရေးပညာ၊ တိရစ္ဆာန်ရောဂါများအကြောင်း၊ တိရစ္ဆာန်ဆေးကုသနည်း၊ အသေးစားခွဲစိပ် ပညာရပ်များကို စာတွေ့လက်တွေ့(၅)လ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သိန်းနုအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment