MNP ၊ ဇူလှိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့တော်အတွင်း သန့်ရှင်း သာယာ လှပေရေးအတွက် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်း ၍ အမှိုက်ကောက်( Campaign)ပြုလုပ်ခြင်းကို ဇူလိုင်(၂)ရက် နံနက် (၇) နာရီအချိန်ခန့်က မြို့ဦးစေတီတော်ဘုရားဝန်းကျင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာပေါင်းစုံမှ ဝန်ထမ်းအင်အား (၂၀၀)ကျော်ခန့်က အမှိုက်ကောက်ခြင်း ၊ ခြုံနွယ်များရှင်းလင်းခြင်း၊ မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်းစသောသန့်ရှင်းရေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်ခြင်းကို မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ အဖွဲ့ဝင်ဗိုလ်မှူးမင်းထက်မှူး၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိလူကြီးများက ကြည့်ရှု၍ အားပေးခဲ့ကြသည်။
ဆက်လက်၍ မြို့တွင်းသို့ ဝင်/ထွက် သွားလာလျက်ရှိသော မော်တော်ယာဉ်များ၊ ဆိုင်ကယ်များတွင် "စည်းကမ်းမဲ့ အမှိုက် မစွန့်ပစ်စေရန် ဝိုင်းဝန်းကူညီပါ" စာတမ်းပါ (စတေကာ)များကပ်ခြင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ မြို့တော်သန့်ရှင်း သာယာ လှပရေးအတွက်ပြုလုပ်ခဲ့ပြီးသော ဆောင်ရွက်ချက်များကို ပြည်သူအများ သိရှိနိုင်ရန်အတွက်ပြည်သူများသွားလာများသော လမ်းဆုံ ၊လမ်းဂွ ၌ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်းအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမူ့ဆောင်အရာရှိဦးမင်းဇော်က ရှင်းလင်းပြောပြခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment