ဂန့်ဂေါတွင် Booster Dose ထပ်ဆောင်းကာကွယ်ဆေး (တတိယ)အကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါတွင် Booster Dose ထပ်ဆောင်းကာကွယ်ဆေး (တတိယ)အကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

 





MNP - ဇူလိုင်   ၂


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် တတိယအကြိမ် နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲမှစတင်ကာ ခရိုင်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေစေရေးအတွက် မြို့နယ်အထွေထွေဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂန့်ဂေါခရိုင် Yaw Rescue အဖွဲ့ဝင်များနှင့် ဂန့်ဂေါခရိုင် ကြက်ခြေနီအသင်းတို့က နေ့စဉ်ကူညီဆောင်ရွက်ပေးနေပြီး မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူများအား Booster Dose ထပ်ဆောင်းကာကွယ်ဆေး (တတိယ)အကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။


ဂန့်ဂေါမြို့နယ်အတွင်း နိုင်ငံဝန်ထမ်းများအား Booster Dose ထပ်ဆောင်းကာကွယ်ဆေးကို ဇူလိုင် ၂ ရက်မှ ဇူလိုင် ၃ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်းနှင့်  ဇူလိုင် ၄ ရက် နေ့တွင် အသက် ၅ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ် ကာကွယ်ဆေးဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။ 


သတင်း - ထင်အောင်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)