ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ(အမျိုးသား) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ(အမျိုးသား) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ကျင်းပ

 





MNP - ဇူလိုင်   ၂


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၈နာရီအချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က နိုင်ငံတော်က အားကိုးရသော ကောင်းမြတ်သည့် ကိုယ်ကျင့်သီလ၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊ အားကစားသမားများအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်မှုရရှိပြီး အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင် ကစားတတ်စေရန်၊ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို သယ်ပိုးနိုင်မည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲ ကျင်းပပေးရခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားက အားကစားအဓိဋ္ဌာန်(၄)ရပ်ကို ရွတ်ဆိုကြသည်။


ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဘူမိဗေဒဌာနအသင်းနှင့် သတ္တဗေဒဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဘူမိဗေဒဌာနအသင်းက နှစ်ပွဲဖြတ်ဖြင့် အနိုင်ရရှိသည်။ ယင်းပြိုင်ပွဲတွင်  ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံမှ ပိုက်ကျော်ခြင်း အားကစားအသင်း (၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုပွဲများကို ယမန်နေ့မှ ၃ရက်နေ့အထိ နှင့်ဆီမီးဖိုင်နယ်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲများကို ၄ရက်နေ့တို့တွင် အသီးသီး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဘာမီသာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)