ပန်းဘဲတန်းမြို့နယ် (Community Centre) ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် (အကြို)စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းဘဲတန်းမြို့နယ် (Community Centre) ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် (အကြို)စာဖတ်ဝိုင်း ကျင်းပ



MNP - ဇူလိုင်   ၃


ဇူလိုင် (၃)ရက်နေ့တွင်  ကျရောက်မည့် ( ၂၆ )ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်(အကြို) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်( ၂:၃၀ )နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမ တင်ထက်ထက်ဇော် (ပေါက်ပေါက်)က စာရေးဆရာ တင်နိုင်တိုး ရေးသားသော “ ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ     ဆရာမက ပါလီမန်ခေတ်ဆိုတာ ၁၉၄၈ ဇန်နဝါရီ လ ၄ရက်နေ့မှစ၍ လွတ်လပ်ရေးရပြီး ၁၄နှစ် တာကာလသည် ပါလီမန်ခေတ်ဖြစ်ပါကြောင်း၊ ပါလီမာန်ခေတ်တွင် ကဏ္ဍစုံမှထူးချွန် အမျိုးသမီး (၅၀)တို့၏ အတုယူရမည့် စိတ်ဓာတ်နှင့်လေးစားအားကျဖွယ်ရာ ဆောင်ရွက်ချက်များအကြောင်း၊ ယနေ့ခေတ် မြန်မာအမျိုး သမီးများအနေနဲ့ တစ်ပါးသူကိုအမှီအခိုကင်းစွာ နေထိုင်နိုင် ရန်၊ စာပေကို လေ့လာဖတ်ရှုခြင်းဖြင့်လည်း အမှားကင်းစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ တန်ဖိုးရှိလှ မြန်မာအမျိုးသမီးဘဝဖြစ်အောင် ကြိုးစားရမှာဖြစ်ပါကြောင်း၊ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းရမှာလည်း အမျိုးသမီးများရဲ့ တာဝန်ပင်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။


ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စာရေးဆရာမ တင်ထက်ထက်ဇော် (ပေါက်ပေါက်)က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)