ပွင့်ဖြူမြို့နယ်၌ ဆော့ဖ်ဝဲလ်နည်းပညာဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ Database ရေးသွင်းခြင်းလုပ်ငန်း အိမ်ထောင်စု ၂၀၃၃ စု ဖြည့်သွင်းဆောင်ရွက်ပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဆော့ဖ်ဝဲလ်နည်းပညာဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ Database ရေးသွင်းခြင်းလုပ်ငန်း အိမ်ထောင်စု ၂၀၃၃ စု ဖြည့်သွင်းဆောင်ရွက်ပြီးဖြစ်



MNP - ဇူလိုင်   ၂၇


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်‌စေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Database ရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့က စတင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၆ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၂၀၃၃ စု ဖြည့်သွင်းဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ Software Program နည်းပညာအသုံးပြုပြီး အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များ တိုက်ဆိုင်စိစစ်၍ Database စာရင်းရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင်(၁၈)ရက်နေ့မှစပြီး (၃၅)ရက်အတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တစ်မြို့နယ်လုံးအနေဖြင့် စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စုပေါင်း ၃၆၉၀၀ စု ရှိကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးညွန့်ဝင်းထူးနှင့် တာဝန်ရှိသူများက စာရင်းမှားယွင်းမှု မရှိစေရေးအတွက် အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်(၁၈)ရက်နေ့မှ ဇူလိုင် ၂၆ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၂၀၃၃ အား လူဦးရေ ကျား/မ စုစုပေါင်း ၈၉၈၈ ဦး ဖြည့်သွင်းဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရကာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ် ဖြည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။  


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)