MNP -ဇူလိုင် ၂၇
တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VRFP ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများအား ကျေးရွာကော်မတီဝင်များမှ ထုတ်ချေးနေမှုအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လင်းလင်းနွယ်နှင့် ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီ အချိန်က သာယာမြိုင်၊ အိုးတောင်၊ ခါးတက်ကုန်းကျေးရွာများသို့ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ VRFP ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများအား ကျေးရွာကော်မတီဝင်များ ထုတ်ချေးပြီး ကျေးရွာအရောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ပြီး တတိယအကြိမ် အရင်းပြန်လည်ထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးပေးသည့် ကျေးရွာများမှ သာယာမြိုင်ကျေးရွာ အိမ်ထောင်စု (၃၆၅) စု လူဦးရေ (၁၉၆) ဦးအတွက် (၃၁၀) သိန်း၊ အိုးတောင်ကျေးရွာ အိမ်ထောင်စု (၄၀) စု၊ လူဦးရေ (၂၈) ဦးအတွက် (၁၀၀) သိန်း၊ ခါးတက်ကုန်းကျေးရွာ အိမ်ထောင်စု (၁၃၂) စု၊ လူဦးရေ (၁၃၃) ဦးအတွက် (၃၀၆) သိန်း၊ စုစုပေါင်းငွေကျပ် (၇၁၆) သိန်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ကျော်မျိုးနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment