ကျောက်ဖြူမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များအား e-ID စနစ်ဖြင့် Software Program စနစ်အတွင်းသို့ ထည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များအား e-ID စနစ်ဖြင့် Software Program စနစ်အတွင်းသို့ ထည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေး




MNP ၊  ဇူလိုင်  ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအမံဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)များအား e-ID စနစ်ဖြင့် Software Program စနစ်အတွင်းသို့ ထည့်သွင်း နေမှုကို ယနေ့၊ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 


ထိုသို့ကွင်းဆင်းကြည်ရှုစစ်ဆေးရာတွင် ကျောက်ဖြူမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုး မင်းထွဏ်းနှင့်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား e-ID စနစ်ဖြင့် Software Program စနစ်အတွင်းသို့ ထည့်သွင်းနေသည့်အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးအောင် ကြည်ဦးက ကျောက်ဖြူမြို့နယ်တွင် Software Program စနစ်အတွင်းသို့ ထည့်သွင်းရမည့် ပုံစံ (၆၆/၆)အရေအတွက်မှာ (၃၉၇၀၉)စုရှိ‌ကြောင်း၊ ၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်း များက ဇူလိုင် ၁၈ ရက်နေ့မှစတင်ကာ တစ်နေ့လျှင် အိမ်ထောင်စု (၇၀၀)နှုန်းဖြင့် ပျမ်းမျှတွက်ချက်၍ ရက်ပေါင်း (၅၇)ရက်အတွင်း ပြီးစီးနိင်ရေး ခန့်မှန်းဆောင်ရွက်ထားကြောင်းနှင့် လက်ရှိတွင် အင်တာနက်လိုင်းအခြေအနေများနှင့် လျှပ်စစ်မီးအခက်အခဲများအား ရှင်းလင်းတင်ပြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌမှ လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)