မအီမြို့ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာတွင် လေးမျက်နှာဘုရား အောက်ဌာပနာထည့်ပူဇော်ပွဲနှင့် နဂါးရုံဘုရား အထက်ဌာပနာပိတ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာတွင် လေးမျက်နှာဘုရား အောက်ဌာပနာထည့်ပူဇော်ပွဲနှင့် နဂါးရုံဘုရား အထက်ဌာပနာပိတ်ပွဲ အခမ်းအနားကျင်းပ







MNP ၊ ဇူလိုင် ၂၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပြည်တွင်း/ပြည်ပသာသနာပြု ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒ မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာ၌ တည်ထားကိုးကွယ်မည့် လေးမျက်နှာဘုရား အောက်ဌာပနာ ထည့်သွင်းပူဇော်ပွဲနှင့် နဂါးရုံဘုရား အထက်ဌာပနာပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၇)နာရီ(၃၀)အချိန်ကကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် မြောက်ဦးဆရာတော်ကြီးမှူးသည့် ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်အား ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြပြီး ရောက်ရှိလာကြသည့် ရဟန်းရှင်လူပြည်သူများက ဌာပနာတိုက်အတွင်းသို့ ဗုဒ္ဓဆင်းတုတော်များကို ထည့်သွင်းဌာပနာပူဇော်ခဲ့ကြသည်။ ဖော်ပြပါ လေးမျက်နှာဘုရား၏ အလယ်ပစ္စယံတွင် ဗုဒ္ဓရုပ်ပွားတော်လေးဆူကို အရပ်လေးမျက်နှာသို့ မျက်နှာမူ၍ ထွင်းထုပူဇော်ပါရှိမည်ဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ ၄၅ ပေဖြစ်ကြောင်း၊ ဘုရားတည်ထားကိုးကွယ်ခြင်းကို သုံးလခန့်အကြာတွင် အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်၍ ရဟန်းရှင်လူ ပြည်သူအပေါင်း ကိုးကွယ်ဆည်းကပ် ဖူးမြှော်ရတော့မည်ဖြစ်ကြောင်း သိရသည်။


မအီမြို့တွင် မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မာရ်ငါးပါးစေတီတော်များထီးတော်တင်ပူဇော်ခြင်း၊ ဓာတ်တော်စေတီများဌာပနာပူဇော်ခြင်းနှင့် အနေကဇာတင်ပူဇော်များကို ကဆုန်လဆန်းပိုင်းမှစတင်၍ မအီမြို့ပတ်လည်ခြံရံလျက် တည်ထားကိုးကွယ် ပူဇော်လာခဲ့ရာ ယနေ့ လေးမျက်နှာဘုရား အောက်ဌာပနာထည့်သွင်းပူဇော်ခြင်းနှင့် နဂါးရုံဘုရား အထက်ဌာပနာပိတ် ပူဇော်ခြင်းများကို ထပ်မံပူဇော်ခြင်းဖြစ်ပြီး အဆိုပါ ဌာပနာပိတ်အခမ်းအနားသို့ မြောက်ဦးဆရာတော်ဘုရားကြီးကိုယ်တော်တိုင် တက်ရောက်ပူဇော်ဌာပနာ၍ ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ မအီမြို့ပေါ်ပြည်သူများနှင့် ပတ်ဝန်းကျင်ရပ်နီးရပ်ဝေးကျေးရွာများမှ ရဟန်းရှင်လူပြည်သူများ စည်ကားသိုက်မြိုက်စွာရောက်ရှိခဲ့ကြကြောင်း သိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)