တာမွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 


MNP - ဇူလိုင် ၂၉

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းတာဝန်ခံများအား လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းသား/သူများ အကြား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုဘေးမှ ကင်းဝေးစေရန်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအား အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန် တိုင်းတာပေးနိုင်ရန်နှင့် Masks များ၊ Face Shields များဖြင့် ပညာသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ လက်ဆေးဘေစင်များ၊ လက်ဆေးဆပ်ပြာရည်နှင့် လက်သန့် ဆေးရည်များ လုံလောက်စွာထားရှိပေးထားမှု၊ စာသင်ခန်းများနှင့် ကျောင်းစင်္ကြန်နေရာများအား သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားခြင်း၊ ခြေနင်းအမှိုက်ပုံးများ လုံလောက်စွာ ထားရှိပေးထားခြင်း၊ စာသင်ခန်းများ လေဝင်လေထွက် ကောင်းမွန်ပြီး အလင်းရောင် လုံလုံလောက်လောက် ရရှိနိုင်စေရန် စီစဉ်ထားရှိမှု၊ စာသင်ကြားရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး Social Distancing စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ထားရှိမှု၊ ကျောင်းအတွင်းရှိ လူအသွားအလာ များသည့် ကျောင်းစင်္ကြန်နေရာများနှင့် လူအများမြင်သာသည့် နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များနှင့် အသိပညာပေး ပိုစတာများ၊ ဗွီနိုင်းများ ချိတ်ဆွဲထားခြင်း ရှိ/မရှိ စသည်တို့ကို အဓိကထားစစ်ဆေးခဲ့ကြကြောင်း သတင်းရသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)