အိမ်မဲမြို့နယ်တွင် e-ID စနစ်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်း (၄၃၀၆၈) ခုအားကွန်ပျူတာထဲ သို့ ရိုက်သွင်းခြင်းနှင့် Software ထဲသို့ထည့်သွင်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် e-ID စနစ်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်း (၄၃၀၆၈) ခုအားကွန်ပျူတာထဲ သို့ ရိုက်သွင်းခြင်းနှင့် Software ထဲသို့ထည့်သွင်းခြင်းဆောင်ရွက်

 


MNP - ဇူလိုင်   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာထဲသို့ရိုက်သွင်းခြင်းနှင့် Software ထဲသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းရှိ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ယနေ့နံနက်ပိုင်း၌ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။


ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းစုစုပေါင်း(၄၃၀၆၈)ခု ၏ (ပုံစံ-၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာထဲသို့ရိုက်သွင်းခြင်းနှင့် Software ထဲသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဝန်ထမ်း(၄)ဦးနှင့် အခြားဌာနဆိုင်ရာဝန်ထမ်း (၁၀) ဦး စုစုပေါင်း(၁၄)ဦးတို့မှ  သတ်မှတ်ကာလအတွင်း အောင်မြင်စွာရေးသွင်းပြီးနိုင်ရန် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီထိဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသက်ကိုကိုဦးနှင့် တာဝန်ရှိသူများက ကြီးကြပ်ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန  ဦးစီးမှူးဦးအောင်နိုင်ဦးထံမှ သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)