အာဆီယံအလှည့်ကျ ဥက္ကဌ ၏အထူးကိုယ်စားလှယ် Excellency PARK Sokhonn ဦးဆောင်သောအဖွဲ့နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံအလှည့်ကျ ဥက္ကဌ ၏အထူးကိုယ်စားလှယ် Excellency PARK Sokhonn ဦးဆောင်သောအဖွဲ့နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ





MNP ၊ ဇူလိုင်  ၂

ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့  Lotte Hotel ၌ ကျင်းပပြုလုပ်သည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ၏အထူးကိုယ်စားလှယ် Excellency PARK Sokhonn နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များတွေ့ဆုံခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက အာဆီယံဘုံသဘောတူညီချက် (၅)ချက်မှ နိုင်ငံရေးပါတီများနှင့်သက်ဆိုင် သောအပိုင်းများအား အတတ်နိုင်ဆုံးဖြည့်ဆည်းလုပ်ဆောင်လျက်ရှိကြောင်း၊ လတ်တလောအခြေအနေကိုအကောင်းဆုံးလွန်မြောက်ရန်အတွက် ရွေးကောက်ပွဲဖြစ်မြောက်ရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်မည့်အခြေအနေ အခင်းအကျင်းရှိရန်လိုအပ်ကြောင်း၊ လတ်တလောအကျပ်အတည်းများသည် တိုင်းပြည်၏ ဖွဲ့စည်းပုံပြသနာတွင် တစိတ်တပိုင်းအခြေခံသည်ဖြစ်၍ အားလုံးမျှော်မှန်းသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသောပြည်ထောင်စုနိုင်ငံအတွက် လိုက်လျောညီထွေဖြစ်မည့် အခြေခံဥအဒေဖြစ်အောင်လည်း အဆင့်ဆင့်ဆောင်ရွက်သင့်ကြောင်း၊ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆိုင်ရာပဋိဉာဉ်များ၊ အသင်းအဖွဲ့စည်းမျဉ်းများကို လိုက်နာရန်လိုအပ်သကဲ့သို့ နိုင်ငံတစ်ခုတွင်လည်း တည်ဆဲဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာဆောင်ရွက်သင့်ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရေး၊ အကြမ်းဖက်မှုများလျော့နည်းပပျောက်ရေးနှင့် ဒီမိုကရေစီကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ရည်မှန်းချက်ထားပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ညီနောင်ပါတီများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း မြန်မာနိုင်ငံ၏ လတ်တလောအကျပ်အတည်းများကို အမြန်ဆုံး ဖြေရှင်းလွန်မြောက်ရေးအတွက် အာဆီယံအထူး ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လှိုက်လှဲစွာကြိုဆိုပါကြောင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် USDPပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အာဆီယံမူ(၅)ချက်မှ ပထမအချက်ဖြစ်သော အကြမ်းဖက်မှုများချက်ခြင်းရပ်တန့်ရေး၊ ပါတီအားလုံးအစွမ်းကုန်ထိန်းချုပ်ဆောင်ရွက်ကျင့်သုံးရေးနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက အကြမ်းဖက်လမ်းစဉ်ကိုလုံးဝလက်မခံသလို ကျင့်သုံးခြင်းလဲမရှိကြောင်း၊ မိမိပါတီကိုအတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီး  ဇွန်လကုန်ထိ အကျုံးဝင်သော NUG  နှင့်PDF တို့၏ အကြေမ်းဖက်မှုကြောင့်သေဆုံး၊ ပျက်စီးဆုံးရှုံးခဲ့ရသည့်  ပါတီဝင်များ၊ ပါတီအားပေးထောက်ခံသူများ၊ မိသားစုဝင်များ၏ အချက်အလက် ဓါတ်ပုံအထောက်အထားများပါဝင်သော အိတ်ဖွင့်ပေးစာကို အာဆီယံအထူးကိုယ်စားလှယ်ထံသို့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)