မင်းလှမြို့နယ်တွင် မိုးရာသီဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်း အောင်မြင်ဖြစ်ထွန်း‌FCV - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် မိုးရာသီဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်း အောင်မြင်ဖြစ်ထွန်း‌FCV



MNP - ဇူလိုင်   ၄


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့နယ်တွင် မိုးရာသီဆီထွက်သီးနှံများဖြစ်သော မိုးမြေပဲနှင့် မိုးနှမ်းများကို ယခင်နှစ်ထက် တိုးချဲ့စိုက်ပျိုးထားရှိရာ စိုက်ခင်းများအောင်မြင် ဖြစ်ထွန်း‌နေ၍ အထွက်နှုန်းတိုးနိုင်ပြီး ဈေးကောင်းရရှိနိုင် ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။


ဆီထွက်သီးနှံစိုက်ခင်းများအောင် မြင်ဖြစ်ထွန်းမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဆီထွက်သီးနှံစိုက် တောင်သူများအား မြို့နယ်အတွင်းစားသုံးဆီ ဖူလုံရေးအတွက် လာမည့်နှစ်တွင် ပိုမိုတို့ချဲ့စိုက်ကြရန်နှင့် လိုအပ်ချက်များကို ဖြည်ဆည်းဆောင်ရွက် ပေးမည်ဟုပြောကြားသည်။


“မိုးနှမ်းကို  မေလအတွင်း စတင်စိုက်ပျိုးနိုင်ခဲ့ပါတယ်၊ ယခင်နှစ်ကထက် အထွက်နှုန်း ပိုနိုင်ပါတယ်၊ နှမ်းဈေး လည်းကောင်း‌ကြောင်း” နှမ်းစိုက်တောင်သူ ဦးဝင်းဌေးက ပြောပါသည်။


မင်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ မိုးမြေပဲစိုက် ဧကပေါင်း (၄၆၂) ဧကနှင့် မိုးနှမ်းစိုက် ဧကပေါင်း (၅၀၁) ဧက စိုက်ပျိုး ထားနိုင်ခဲ့ပြီး၊ နေကြာသီးနှံကို ဆောင်းရာသီတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ရန် (၁၅) ဧကစိုက်ပျိုး ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ပေါက်စ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)