MNP ၊ ဇူလိုင် ၄
၂ဝ၂၂ ခုနှစ်၊“မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ်အခမ်းအနားကိုယနေ့နံနက်၁၀နာရီကတနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က မြန်မာနိုင်ငံအနေဖြင့်၁၉၉၇ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့ တွင် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂ ကွန်ဗင်းရှင်း(United Nations Convention on the Elimination of All Forms of Discrimination Against Women UNCEDAW)ကိုသဘောတူ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည်UNCEDAW၏စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးရေး၊ခွဲခြားဆက်ဆံမှုနှင့်အကြမ်းဖက်ခံရမှုများမရှိစေရေးတို့ အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ပြည်တွင်း/ပြည်ပအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်းလက်တွဲပြီး အကောင်အထည်ဖော်ဆောင် ရွက် လျက်ရှိကြောင်း၊တိုင်းဒေသကြီးအမျိုးသမီးကော်မတီအနေဖြင့်တိုင်းဒေသကြီး အတွင်းမှာရှိသော အမျိုးသမီး များ၊ အမျိုးသမီးငယ်ရွယ်များ၏ အကျိုးစီးပွားကိုရှေးရှုပြီးကျား၊မတန်းတူညီမျှရေး၊ အမျိုးသမီးအခွင့်အရေးများပြည့်ဝစွာရရှိနိုင်ရန်ကြိုးစားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ကငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအောင်မြင်ရေးနှင့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ဖြစ်ပေါ်ရေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာအမျိုးသမီး များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကဦးစားပေးလုပ်ငန်းနယ်ပယ် များဖြစ်သည့်စီးပွားရေး၊ အသက်မွေးဝမ်း ကျောင်းမှု၊ ပညာရေး၊ ကျန်းမာရေး ၊ပြည်သူ့ရေးရာတွင်ပါဝင်မှု၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အမျိုးသမီးများနှင့်အမျိုးသမီး ငယ်ရွယ်များအပေါ်အကြမ်းဖက်မှု မှ တားဆီးကာကွယ်ရေး စသောလုပ်ငန်း နယ်ပယ်များကိုထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက်အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ် ကြောင်းပြောကြားသည်။
ထို့နောက်တက်ရောက်လာသောဧည့်သည်တော်များအား မြန်မာနိုင်ငံ၏အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ Video Clip အား ပြသပြီးတိုင်းဒေသကြီးအမျိုးသမီးကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြတ်ကို က ဗီယက်နမ်နိုင်ငံတွင်ကျင်းပခဲ့သည့်(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသမီးအားကစားသမား(၂)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ကာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာ စုံဂုဏ်ထူးရရှိသူ သရက်ချောင်းမြို့နယ်မှ မအိမြတ်ဖူးနှင့် မြိတ်မြို့နယ်မှ မအိနှင်းဖွေးတို့အားဂုဏ်ပြုဆုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က ကြက်ခြေနီတပ်ဖွဲ့ဝင်များအားသင်တန်းပေးခြင်း၊ ကိုဗစ်ကာလအတွင်းတက်ကြွစွာပါဝင်ဆောင်ရွက်ပေးခဲ့သော တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါ်မမလေးနှင့် ၂၀၂၂ခုနှစ်၊ “ မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်း (၁၀)ကျောင်းရှိ ဝန်ထမ်းများ ၏ ရိုးရာပွဲတက်ဝတ်စုံ ချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သည့် ထားဝယ်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဝန်ထမ်း(၂)ဦးအားဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ပြီးထားဝယ်မူလတန်းကြိုကျောင်းမှသားငယ်သမီးငယ်လေးများက“စည်းလုံး စို့လေသွေးချင်းတို့ရဲ့ပြည်” သီချင်းနှင့် “အိမ် ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment