MNP - ဇူလိုင် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်း၌ အိမ်တွင်းမှု စက်ချုပ်သင်တန်းသူများ အသင်းအလိုက် Fitness Dance ပြိင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။
မူဆယ်ခရိုင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Fitness Dance ပြိုင်ပွဲ ပြုလုပ်သည်။ အဆိုပါပြိုင်ပွဲတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သွယ်သွယ်လှိုင်မှ အမှာစကားပြောကြားသည်။ ဆက်လက်ပြီး အိမ်တွင်းမှု အဆင့်မြင့်စက်ချုပ်သင်တန်းသူများက Fitness Dance ပြိုင်ပွဲကို အဖွဲ့(၃)ခု ဖြင့် ယှဉ်ပြိုင်ကြရာ တက်ရောက်လာသူများက ကြည့်ရှအားပေးသည်။ ထိုပြင် ပြိုင်ပွဲ၌ပထမဆုရရှိသည့် အဖွဲ့(၃)အား မူဆယ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်မြသန်းတင်၊ ဒုတိယဆိုရရှိသည့် အဖွဲ့(၁)အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူး၊ တတိယဆု ရရှိသည့် အဖွဲ့(၂)အား ကျေးလက်ဦးစီးဌာန AE ဦးစိုးသီဟတို့က သီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်ဂျူဝတီမောင်မောင်အား အိမ်တွင်းမှုသင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်က အမှတ်တရပစ္စည်း လက်ဆောင်ပေးအပ်သည်။ ပြိုင်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အိမ်တွင်းမှုသင်တန်းသူများ (၅၀)ဦး တက်ရောက်ကြောင်း သိရှိရသည်။
သတင်း - ချယ်ရီမြေ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment